26 Aug 2026, 12:17 UTC25 views3 reactionsread 27 August 2026 Photo
အိပ်ဆေး
----------------
မင်းအကြောင်းက
နားထင်ကို ကိုက်ခဲနေလို့
အိပ်ဆေး ပြေးဝယ်ရတယ်
ဆေးဆိုင်က မဟုတ်
ဆေးရုံက မဟုတ်
စုန်းမဆီက ဝယ်တဲ့ အိပ်ဆေး
ငါ့မှာလည်း
အိပ်ဆေးကို ဖက်လုံးလိုသဘောထားပြီး
ငြိမ်သက်ခြင်းကို ရှာဖွေရတယ်
စုန်းမက သတိပေးပါရဲ့
ဒီဆေးဟာ အိပ်ပျော်စေရုံတင်မက
အိပ်မက်တွေကိုပါ အဆိပ်ခတ်တတ်သတဲ့
ရပါတယ်...
ငါ့စိတ်လည်း မင်းစိတ်နဲ့ အဆိပ်မိနေတာကြာပြီရယ်
အိပ်စက်ခြင်းရဲ့ ဟိုဘက်ကမ်းမှာ
သုခဘုံ ရှိမယ်သေချာရင် ပြန်မနိုးချင်တော့ဘူ…
custom 61836791773009061072❤1
Signed Lwin
26 Aug 2026, 12:14 UTC22 views3 reactionsread 27 August 2026 မင်းဖုန်းနံပါတ်ကို ငါအလွတ်မရနိုင်တော့ဘူး။
မင်းအသံနဲ့တူတဲ့အသံကြားရရင်
ငါလှည့်မကြည့်ဖြစ်တော့ဘူး။
ကောင်းကင်တစ်ခုတည်းအောက်
အတူတူရှိနေတယ်ဆိုတာကလွဲလို့
ငါတို့ဆုံစရာအကြောင်းတွေ ငါရှာမနေတော့ဘူး။
နောက်ဆုံးတော့ အေးနေတဲ့ကော်ဖီကို ကြိတ်မှိတ်မျိုချပြီး အိပ်ယာပေါ်လှဲချလိုက်မယ်။
မာနတစ်ခုအတွက် ဆုံးရှုံးစရာတွေအများကြီးပေါ့။
ငါမင်းကိုသတိရပါတယ်။
ဒါပေမယ့် အဲ့အကြောင်း
ဘယ်တော့မှ ပြောဖြစ်တော့မှာမဟုတ်။
- ဆပ်ရိပ်
custom 61836791773009061072❤1
Signed Lwin
26 Aug 2026, 02:18 UTC30 views5 reactionsread 27 August 2026 အချိန်ဟောင်းက အတိတ်အကြောင်း
ကြာရုံပါပဲ ပြာပုံတွေကထခုန်နေတုန်း
မူးလို့ပဲမိုက်" ရူးလို့ပဲကိုက်"
ခွေးရူးတစ်သိုက်တို့ ရှို့တဲ့မီး
သေတောင်ကမ္ဘာမကြေဘူး။
-မောင်သက်ရှည်
custom 61836791773009061073🥰1😐1
Signed Moriarty
25 Aug 2026, 23:47 UTC36 views4 reactionsread 27 August 2026 ㅤ
လူတွေကို မယုံနဲ့
မယုံကြည်ကြောင်းကိုလည်း လူတွေမရိပ်မိစေနဲ့
နှလုံးသားက အကောင်းမြင်နေမှ
ဘဝဟာ နေပျော်မယ်ဆိုတာက တပိုင်း
ဦးနှောက်က အဆိုးမြင်ထားမှ
ကိုယ့်ဘဝ လုံခြုံမယ်ဆိုတာက တပိုင်း...။
-ကိုသန်းထွန်း (တိမ်အရုပ်ဆွဲသူ)
❤2custom 61836791773009061072
Signed 𝙹𝚊𝚖𝚎𝚜 𝚆. 𝙷
25 Aug 2026, 04:30 UTC43 views1 reactionsread 27 August 2026 👉 အဆိပ်ပင် 👈
အဓမ္မ အနွယ်ဝင်
အဆိပ်ပင် မှန်သမျှ
ရှင်သန်ခွင့် မရအောင်
အပင်ကို ခုတ်လှဲ
အငုတ်လည်း မချန်
အမြစ်ပါ လှန်မဲ့
(GZ) တို့ရဲ့ အားမာန်
အာဏာရှင် တို့ရဲ့
အသုံးတော် ခံ
လူ မမှန်တဲ့
လူ့တိရစ္ဆာန် တွေ
ခလုတ် ကန်သင်း(ဇင်း)ခံရင်
နင်းခြေ ဖြိုဖျက်
ရှေ့သို့တက်မယ့်
(PDF) တို့ရဲ့ အားမာန်
မြန်ပြည်တစ်လွှား
တန်ခိုးထွားလာပြီ
မတရား-သူများ
ကြပ်ကြပ်သတိထားလော့
AM 10 :54
25-8-2026
custom 61836791773009061071
Signed Moriarty
25 Aug 2026, 04:02 UTC37 views3 reactionsread 27 August 2026 အချစ်လားဟေ့ ဝင်ခဲ့လေကွယ်
-
သော့ခတ်ထားတဲ့
သံမဏိတံခါးကို
လာခေါက်တယ်။
သွယ်လျတဲ့ လက်ချောင်းကလေးတွေရှိတဲ့
ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့
ရွှေဝါရောင် မွေးညှင်းကလေးတွေရှိတဲ့
လက်ကလေးမှန်း
ဒီကလည်း သိလိုက်ပါရဲ့။
သွေးတွေကို ခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ
"မင်း" ရယ် "အမုန်း" ရယ်
နှစ်ယောက်ပဲ ရှိတယ်။
ခု
"အမုန်း" ဟာ ခရီးလွန်နေတယ်ဆိုတော့
တံခါးကို လာခေါက…
custom 61836791773009061072❤1
Signed 𝙹𝚊𝚖𝚎𝚜 𝚆. 𝙷
25 Aug 2026, 02:31 UTC33 views3 reactionsread 27 August 2026 အတိတ်ကသီချင်းတစ်ပုဒ်ကို
နားထောင်ကြည့်လိုက်
ခဗျား ဘဝနဲ့ချီပြီး ပြဿနာတတ်
သွားလိမ့်မယ်....။
- သွယ်မြိတ်
❤1🤔1custom 61836791773009061071
Signed Colm O'Driscoll
24 Aug 2026, 12:25 UTC32 views2 reactionsread 27 August 2026 အတူသွားရမယ့် နေရာတွေရှိတယ်
စကားနည်းနည်းပါးပါး ထပ်ပြောဖို့ လိုသေးတယ်
ဒါပေမဲ့ ဘေဘီရယ်
မသေခင်ဆိုတာ
နှစ်အကြာကြီးလား
မနက်ဖြန်လား
ဒါမှမဟုတ် ဒီညလား
-မြကျေး
❤1custom 61836791773009061071
Signed Lwin
24 Aug 2026, 10:49 UTC33 views3 reactionsread 27 August 2026 မင်းအကြိုက်ကိုမသိတဲ့ဘဝမှာ
ငါဟာအလိုက်မသိတဲ့ကောင်
ဖြစ်ခဲ့ရတယ်...
ခက်တာက မင်းအကြိုက်က
ဟိုကောင်ဖြစ်နေတယ်
မှတ်မိသေးတယ် အဲ့နေ့က
ငါ့ဘဝတစ်ခုလုံးအမှောင်ကျတာပဲ....။
- မောင်မြင့်လွင်
👏1🥰1custom 61836791773009061071
Signed Colm O'Driscoll
24 Aug 2026, 09:57 UTC38 views3 reactionsread 27 August 2026 တစ်ယောက်ယောက်က
မင်းကို ကူညီတဲ့အချိန်မှာ
သူတို့လည်း ရုန်းကန်နေရပါတယ်
အဲဒါ အကူအညီမဟုတ်ဘူး
အဲဒါ ချစ်ခြင်းမေတ္တာ....။
- မိုဃ်းဇော်
💯1🔥1custom 61836791773009061071
Signed Colm O'Driscoll
24 Aug 2026, 06:57 UTC40 views1 reactionsread 27 August 2026 Photo
Photo, posted without a caption
custom 61836791773009061071
Signed Colm O'Driscoll
24 Aug 2026, 06:55 UTC40 views2 reactionsread 27 August 2026 Photo
ငါတို့ဝေးသွားခဲ့ပြီလို့ တွေးမိတဲ့အခါတိုင်း
နီးစပ်ခဲ့လို့လားဆိုတဲ့ မေးခွန်းတွေက
ငါ့ကိုကျိုးကြေစေတယ်
ငါပေးခွင့်မရတော့တဲ့ ချစ်ခြင်းမေတ္တာမျိုး
မင်းအလိုရှိတဲ့သူဆီက ရပါစေ....။
- တာရာမင်းဝေ
💔1custom 61836791773009061071
Signed Colm O'Driscoll
Showing the 12 most recent of 20 posts we hold for @springsisters. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.