10 Sept 2026, 12:24 UTC18 views5 reactionsread 11 September 2026 လောကမှာ
ပျော်စရာရှိရင် ပျော်လိုက်
ငိုစရာရှိရင် ငိုလိုက်
ကြေကွဲစရာရှိရင် ကြေကွဲလိုက်ပြီး
ထွက်ခွာသွားရမယ့် အချိန်ရောက်ရင်လည်း
လက်ပြနှုတ်ဆက်လိုက်ရုံပါပဲ
ငါ့ကျမှ ဖြစ်ရလေခြင်းတို့
သူကများ ငါ့အပေါ်တို့
လောကကြီးက ဘာဖြစ်တယ်
ညာဖြစ်တယ်တို့ဆိုရင်
သောက်ကျိုးနည်းတော့တာပါပဲ။
လောကဓံကို ခံနိုင်ရည်ရှိတာ ကျက်သရေရှိပါတယ်။
- စောနန္ဒာခိုင်
🍓4❤1
8 Sept 2026, 17:40 UTC37 views6 reactionsread 11 September 2026 ပြည့်တန်ဆာလောက်
တန်ဖိုးမရှိတဲ့ပါးစပ်တွေကြားမှာ
လူပီသအောင်ရှင်သန်ဖို့ရာ
ခဲယဉ်းလွန်းပါတယ်။
- ဝရဇိန်
❤5💘1
8 Sept 2026, 12:02 UTC41 views4 reactionsread 11 September 2026 မိတ်ဆွေတွေထဲ
စကားကို
ကုန်အောင်ပြောတဲ့သူတွေ ရှိတယ်။
သူတို့
စကားကုန်သွားရင်
ပါးလေးတွေ နီသွားကြတယ်။
တစ်ချို့စကားတွေက
ပြောပြီးမှ
ရှက်တတ်ကြသကိုး။
- လရိပ်မောင်
❤2🍓2
Signed S
8 Sept 2026, 06:55 UTC41 views1 reactionsread 11 September 2026 အသက်ရှူနေပြီး
အသက်မရှင်ရတဲ့
နေ့ရက်များ...။
လူစုံသွားတဲ့စကားဝိုင်းမှာ
ခုံတစ်လုံးက
အမြဲလွတ်နေတယ်။
အတိတ်မှာရော
ပစ္စုပ္ပန်မှာရော
အနာဂါတ်မှာရော...။
- လရိပ်မောင်
❤1
Signed S
8 Sept 2026, 02:09 UTC41 views4 reactionsread 11 September 2026 လူတွေက
လူတွေကို မေ့နေတဲ့ ကာလမှာ
တရားနဲ့လည်း မဖြေနိုင်
အမှားနဲ့လည်း မသေနိုင်
မြစ်ထဲက ငါးတွေလို
ကန်ထဲက ငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲ။
- လှသန်း
❤4
Signed zyan
7 Sept 2026, 20:11 UTC41 views1 reactionsread 11 September 2026 File
Lying under the sunny sky,
Watching time drift swiftly by.
Grass beneath, a spinning head,
Whispering words I longed were said.
Caught off guard, yet hearts align,
In a love that's crazy and divine.
- La Yeik Maung
❤1
Signed S
7 Sept 2026, 19:25 UTC37 views1 reactionsread 11 September 2026 စက္ကူပန်းများ ကြွေသောအခါ
အခန်း (၄) - မနေ့ကလူ
- လရိပ်မောင်
In comment ☝️
-----------------------------------------------
🍓1
Signed S
7 Sept 2026, 18:14 UTC35 viewsread 11 September 2026 မြို့ပြရဲ့
စလိုက်မီးရောင်အောက်
ပျောက်သွားတဲ့
တစ်စုံတစ်ယောက်ရဲ့
ဆက်ဆံပုံ
ငါ
မှတ်မိသေးတယ်။
စခရင်ပါတဲ့
ပစ္စည်းတစ်ခုကနေ
ထွက်လာတဲ့ သူ့အသံ။
ရိသဲ့သဲ့နဲ့ ငါနားမလည်။
အပြောင်းအရွှေ့
အကူးအပြောင်းရင်း
လူပါပြောင်းသွားတယ်ထင်တယ်။
တစ်စတစ်စ
သူပြောင်းလိမ့်မယ်။
မြို့ပြရဲ့
အလင်းရောင်အောက်
သူထိတွေ့လာရင်
ပိုသိလိမ့်မယ်။
ချစ်ခြင်းမေတ္တာက
အနီးနဲ့အဝေး ဆို
ဘယ်အရာက
ပိုအားကောင်းလည်း
သူသိလိမ့်မယ်။
ဝမ်းသာပါတယ်။
အနီးက အရပ်အဝန်း
သူပိုင်ဆိုင်…
Signed S
6 Sept 2026, 16:55 UTC52 views3 reactionsread 11 September 2026 ဝေးလာတယ်။
တစ်ခုခုက
အဆင်မပြေဖြစ်နေတယ်။
နေ့နဲ့ည
မှားမှားနေမိလို့လား၊
အလုပ်တွေထဲ
ကိုယ့်ကိုယ်ကိုယ်တောင်
ပျောက်သွားမိလို့လားတော့ မသိဘူး။
တစ်ယောက်ယောက်နဲ့
ဝေးလာတယ်။
ဟုတ်တယ်...
တော်တော်လေး ဝေးသွားတယ်။
ဘယ်အချိန်ကစပြီး
ဘယ်လောက်ဝေးသွားလဲဆိုတာ
ကောင်းကောင်းမသိပေမယ့်
ခံစားမိတယ်။
အရင်က
ပြောစရာတွေ အများကြီးရှိခဲ့တယ်။
အခုတော့
ပြောစရာမရှိတာထက်
ပြောချင်စိတ်တွေကို
တစ်ယောက်နဲ့တစ်ယောက်
မသိမသာ ထားခဲ့ကြသလိုပဲ။
တစ်ခါတလေ
ဖုန်းကိုကိုင…
❤3
Signed S
6 Sept 2026, 12:51 UTC45 views4 reactionsread 11 September 2026 အဆိုးတွေချည်းကျော်ဖြတ်ခဲ့ရတော့
အကောင်းတွေကို သိပ်မမက်မောမိတော့ဘူး၊
အဆင်ပြေနေရုံပါပဲ၊
ကိုယ့်အတွက် အသက်ရှူပေးမယ့်
လူတစ်ယောက်နဲ့
နှလုံးသားတစ်ခုလောက်ဆိုရင် တော်ပါပြီ။
- ညိုရီမှိုင်း
😢2😭2
Signed zyan
5 Sept 2026, 19:13 UTC54 views4 reactionsread 11 September 2026 အိပ်မပျော်တဲ့ညတွေမှာ
ကိုယ့်ကိုယ်ကိုပြန်ရှာဖွေရတာလောက်
ဘယ်အရာက ပင်ပန်းစရာရှိသေးလဲ။
- ညိုရီမှိုင်း
😢4
Signed zyan
5 Sept 2026, 11:48 UTC60 views1 reactionsread 11 September 2026 ကော်ဖီတစ်ခွက်၊
ဆေးလိပ်တစ်လိပ်၊
ပြီးတော့... မနက်ဖြန်တွေအတွက်
ဘာမှမပါတဲ့ ဘတ်ဂျက်တစ်ခု။
မဆီမဆိုင် မင်းကိုလွမ်းတယ်။
- လရိပ်မောင်
❤1
Signed S
Showing the 12 most recent of 20 posts we hold for @ptpthoffical. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.