25 Apr 2025, 07:34 UTC≈1,150 views2 reactionsread 8 August 2026 အိန္ဒိယကျောင်းသား ၃ ဦးက လျှပ်စစ်ဓာတ်မလိုတဲ့ ဆားဓာတ်စွမ်းအင်သုံး ရေခဲသေတ္တာငယ် တီထွင်ဖန်တီး
အိန္ဒိယနိုင်ငံမှ အထက်တန်းကျောင်းသား ၃ ယောက်ဟာ လျှပ်စစ်ဓာတ်အား မလိုတဲ့ ရေခဲသေတ္တာငယ်ကို တီထွင်ဖန်တီးခဲ့ကြပြီး ၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာမြေဆု ဆွတ်ခူးခဲ့ပါတယ်။
အင်ဒိုရီပြည်နယ်မှာ နေထိုင်တဲ့ ချောင်ဒါရီ၊ လာဒါနီယာ၊ ဂျိန်းတို့ ၃ ယောက်ရဲ့ မိဘတွေက ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ အလုပ်လုပ်ကြသူတွေပါ။ လျှပ်စစ်ဓာတ်အား မရတဲ့ ကျေးလက်ဒေသတွေဆီ ကိုဗစ်-၁၉ ကာ…
❤2
25 Apr 2025, 06:33 UTC931 views2 reactionsread 8 August 2026 ရုရှားစစ်တပ်တွင် အဓိက စစ်လက်နက်ပစ္စည်းများပြတ်လပ်နေဆဲဖြစ်ကြောင်းပူတင်ဝန်ခံ
ယမန်နှစ်တွင် လက်နက်များ ထုတ်လုပ်မှု သိသိသာသာ မြှင့်တင်ခဲ့သော်လည်း ရုရှားစစ်တပ်တွင်အဓိက စစ်လက်နက်ပစ္စည်းများ ပြတ်လပ်နေဆဲဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်ကယမန်နေ့တွင် ပြုလုပ်သော နိုင်ငံပိုင် စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်း ကော်မရှင် အစည်းအဝေး၌ ပြောကြားခဲ့သည်ဟု ရုရှားအစိုးရ မီဒီယာက ဖော်ပြသည်။
ရုရှားစစ်တပ်သည် ယမန်နှစ်တွင် သံချပ်ကာယာဉ် အစီးရေ ၄၀၀၀ ကျော်…
❤2
25 Apr 2025, 05:33 UTC704 viewsread 8 August 2026 ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဈာပန ဧပြီ ၂၆ ရက်တွင် ကျင်းပမည်
ရိုမန်ကက်သလစ်ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားကို ဧပြီ ၂၆ ရက်တွင် ကျင်းပရန် ဗာတီကန်နန်းတော် ကာဒီနယ် ဘုန်းတော်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ရုတ်တရက်နှလုံးရပ်မှုနှင့်လေဖြတ်မှုတို့ကြောင့် ဧပြီ ၂၁ ရက်တွင် မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့ရပြီး ကွယ်လွန်ချိန်တွင် သက်တော် (၈၈) နှစ်ရှိပြီဖြစ်သည်။
ပုပ်ရဟန်…
25 Apr 2025, 04:35 UTC578 viewsread 8 August 2026 ၄ နှစ်လုံး နေ့တိုင်း လေယာဉ်နဲ့ တက္ကသိုလ်တက်ခဲ့တဲ့ ဂျပန်ပေါ့ပ်အဆိုတော်
ကျောင်းသား/သူအများစုက ဘတ်စ်ကား၊ ကား၊ ရထားတွေကို စီးပြီး တက္ကသိုလ်တက်ကြပေမဲ့ ဂျပန်ပေါ့ပ်အဆိုတော် ယူဇူခီ နာခါရှိမာကတော့ ၄ နှစ်လုံး နေ့တိုင်းလေယာဉ်နဲ့ တက္ကသိုလ်တက်ခဲ့တာပါ။
မတ်လတုန်းက Kitakyushu City University ကနေ ဘွဲ့ရခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ယူဇူခီက သူ့ရဲ့နေ့စဉ်အလေ့အထတွေအကြောင်း Vlog ကို YouTube မှာ မကြာသေးခင်ကမှ တင်ခဲ့တာပါ။ ဂျပန်အဆိုအဖွဲ့ Sakuraz…
25 Apr 2025, 03:34 UTC440 viewsread 8 August 2026 ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှချောက်မြို့ပါဝင်
ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှချောက်မြို့ပါဝင်လာကြောင်း နိုင်ငံတကာမိုးလေဝသသတင်းအချက်အလက်များကိုနေ့စဉ်ဖော်ပြသည့် El Dorado Weather ၏ ယနေ့(ဧပြီ ၂၄ ရက်)ထုတ်ပြန်ချက်အရသိရသည်။
မကွေးတိုင်းရှိချောက်မြို့မှာ ကမ္ဘာ့အပူချိန်အမြင့်ဆုံးစာရင်း နံပါတ်(၈) နေရာ၌ အပူချိန် ၄၄ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်ဖြင့်ရောက်ရှိနေကြောင်း ထုတ်ပြန…
23 Apr 2025, 09:29 UTC386 viewsread 8 August 2026 “လုပ်တိုင်းအောင် ကြံတိုင်းမြောက်အောင် ပီယအဆောင်ယတြာ”
တခြားလုပ်ငန်းကိုင်ငန်းတွေထက် အထူးသဖြင့် မိမိကိုချစ်ခင်အောင် စိတ်ဝင်စားလာအောင် ဆောင်ရမယ့် အဆောင်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အချစ်ရေးတွေ အတွက်ဆို အဓိကလုပ်ဆောင်ရမဲ့ အဆောင်မျိုးဖြစ်တယ်။
သိပ့်ပြီးမခက်ခဲဘဲ မိမိသွားလေရာမှာ ပြောဆိုဆောင်ရွတ်တဲ့အခါမှာ မိမိလိုရာကိစ္စကို မိမိကပြောဆိုဆောင်ရွတ်တဲ့အခါမျိုးမှာ အဆင်ပြေအောင် အောင်မြင်အောင် မိမိကို တဖက်သားကနေပြီးတော့ လေးလေးစားစားနဲ့…
23 Apr 2025, 08:29 UTC310 viewsread 8 August 2026 ငါးကြိမ်မြောက် ငလျင်ဘေးသင့်အလှူအဖြစ် ကျပ် သိန်း ၁၀၀၀ နဲ့အတူ
စားသောက်စရာတွေကို လှူရင်း အားပေးစကားတွေပြောခဲ့တဲ့ ဖြူဖြူထွေး
သဘာဝဘေးအန္တရာယ်တွေ ကြုံတိုင်းမှာ နိုင်တဲ့အင်အားနဲ့ အမြဲတမ်းလှူဒါန်းမှုတွေလုပ်ဆောင်ပေးနေတဲ့ သရုပ်ဆောင်ဖြူဖြူထွေးကတော့ ငါးကြိမ်မြောက် ငလျင်ဘေးသင့်အလှူအဖြစ် ကျပ်သိန်း ၁၀၀၀ နဲ့အတူ စားသောက်စရာတွေကို ကိုယ်တိုင်သွားလှူရင်း အားပေးစကားတွေပြောဆိုခဲ့ပါတယ်။
“ခုလှူဒါန်းတာကတော့ ငါးကြိမ်မြောက်သွားလှူတာပါ။ ငွေသ…
23 Apr 2025, 07:29 UTC249 viewsread 8 August 2026 ပျော်ဘွယ်က ငလျင်ဘေးသင့် ပြည်သူတွေအတွက် Tent ၁၀၅ လုံးကို
လှူဒါန်းခဲ့တဲ့ မင်းသမီးဖွေးဖွေး
ပရိသတ်ချစ်ခင်မှု အခိုင်အမာရရှိထားတဲ့ မင်းသမီး ဖွေးဖွေးကတော့ ပျော်ဘွယ်က ငလျင်ဘေးသင့် ပြည်သူတွေအတွက် Tent ၁၀၅ လုံးကို ယနေ့ ဧပြီ ၂၂ ရက်မှာ လှူဒါန်းခဲ့ပါတယ်။
“ဖွေးဆီမှာ ငလျင်ဘေးသင့်သူတွေ တကယ်လိုအပ်နေတဲ့ Tent ၃၀၀ ကို မှာထားခဲ့တာ ရောက်လာပါပြီ။ ဒီ Tent ၃၀၀ မှ ၁၀၅ လုံး ပျော်ဘွယ်မြို့ကို ပို့လိုက်ပါပြီ။ အကူအညီတောင်းလာတဲ့ ပျော်ဘွယ်က လူပျိ…
23 Apr 2025, 06:29 UTC227 viewsread 8 August 2026 ဆင်းရဲသားရေး၊ ငြိမ်းချမ်းရေးနဲ့ ညီမျှရေး အလေးပေးခဲ့သူ
ရောမကက်သလစ် ဂိုဏ်းရဲ့ ပုပ်ရဟန်းမင်း ဖရန်စစ်ဟာ သက်တော် ၈၈ နှစ်မှာ ဒီမနက် အစောပိုင်းက ပျံတော်မူသွားခဲ့ပါတယ်။
လက်တင်အမေရိကက ပထမဆုံး တင်မြှောက်ခံရတဲ့ ပုပ်ရဟန်းမင်းလည်း ဖြစ်ပါတယ်။
ပုပ်ဖရန်စစ်ရဲ့ ဘ၀ တလျှောက်လုံး ဘုရားသခင်နဲ့ ကျောင်းတော်ရဲ့ အမှုတော်ကို ထမ်းဆောင်ဖို့ မြှုပ်နှံခဲ့ကြောင်း ဗာတီကန် နန်းတော်က ပြောပါတယ်။
ဒီည သူ့ရုပ်ကလာပ်ကို အခေါင်းသွင်းပြီးနောက် ဗုဒ္ဓဟူးနေ…
23 Apr 2025, 05:29 UTC198 views2 reactionsread 8 August 2026 နှစ် ၂၀ တိုင်တိုင် မိုင် ၈၀၀၀ ကျော် ခရီးနှင်ပြီး မိတ်ဖက်ဆီပြန်လာလေ့ရှိတဲ့ ငှက်ကျား
ကလီပီတန်နဲ့ မာလီနာတို့ ငှက်ကျားမောင်နှံရဲ့ ဇာတ်လမ်းတစ်ပုဒ်က ခရိုအေးရှားနိုင်ငံရဲ့ အချစ်ဇာတ်လမ်းတွေထဲမှာ နာမည်ကြီးပါတယ်။ ကလီပီတန်ဆိုတဲ့ ငှက်ကျားထီးဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ နှစ် ၂၀ တိုင်တိုင် နှစ်စဉ်နှစ်တိုင်း တောင်အာဖရိကကနေ ခရိုအေးရှားအထိ မိုင် ၈၀၀၀ ခရီးနှင်ပြီး မိတ်လိုက်ဖော် ငှက်ကျားအမ မာလီနာထံ ပျံသန်းလာလေ့ ရှိပါတယ်။
စတီဖန်ဗ…
👍2
23 Apr 2025, 04:29 UTC183 viewsread 8 August 2026 မန္တလေးတက္ကသိုလ်တွင်မီးလောင်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများအတွက် ကျောင်းသား/သူများစာမေးပွဲပြန်ဖြေရမည်
ငလျင်လှုပ်ခတ်ခြင်းကြောင့်မီးလောင်ပျက်စီးခဲ့သည့် မန္တလေးတက္ကသိုလ်ရှိတက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများအတွက် စာမေးပွဲပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း နစက က ယနေ့(ဧပြီ ၂၂ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင်ကြေညာသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိမြေငလျင်နှင့်နောက်ဆက် တွဲ ငလျင်များလှုပ်ခတ်…
23 Apr 2025, 03:29 UTC159 viewsread 8 August 2026 နောက်ဆက်တွဲငလျင်များကြောင့် ပြန်လည်ထူထောင်ရေးတွင်အခက်ကြုံနေဟု UNOCHA ထုတ်ပြန်
ငလျင်ဒဏ်သင့်ဒေသများ၌ နောက်ဆက်တွဲငလျင်များကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အခက်ခဲဖြစ်နေကြောင်း UNOCHA Myanmar ကယမန်နေ့(ဧပြီ ၂၁ ရက်) ကထုတ်ပြန်သည်။
ပြီးခဲ့သည့်မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော်ပျက်စီးခဲ့ရပြီး လက်ရှိတွင်လည်း ငလျင်ကြောင့်အိမ်ထဲပြန်ဝင်ရမည်ကိုကြောက်နေသည့်မိသားစုများမှာ မြ…
Showing the 12 most recent of 20 posts we hold for @moenatminmedia. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.