1 Mar 2026, 03:47 UTC74 views5 reactionsread 13 August 2026 ဥပမာ - လိမ္မော်သီးတစ်လုံးမှာ သကြား ၁၂ ဂရမ်လောက်ပါတယ်။ လိမ္မော်ရည်တစ်ခွက်မှာတော့ သကြား ၂၀-၂၅ ဂရမ်လောက် ပါတတ်တယ်။ ဒါ့အပြင် လိမ္မော်ရည်တစ်ခွက်သောက်ဖို့ လိမ္မော်သီး ၃-၄ လုံးလောက် ညှစ်ရတယ်။ ဒီလောက်လိမ္မော်သီးကို တစ်ခါတည်းစားဖို့ မလွယ်ဘူးလေ။
ဒါကြောင့် ဖျော်ရည်သောက်မယ့်အစား သစ်သီးတစ်လုံးလုံးကိုပဲ စားတာက ပိုကောင်းပါတယ်။ ဖျော်ရည်သောက်ချင်ရင်လည်း သကြားမပါတဲ့ဖျော်ရည်ကိုရွေးပြီး တစ်နေ့ကို ဖန်ခွက်တစ်ဝက်လောက်ပဲ သောက်သင့်ပါတယ်။
ဒ…
❤5
1 Mar 2026, 03:47 UTC65 views2 reactionsread 13 August 2026 မြန်မာတွေမှာရော အခြားနိုင်ငံတွေမှာပါ လက်ခံထားတတ်တဲ့ အစားအသောက်နဲ့ပတ်သက်တဲ့ အယူအဆမှားလေးတွေ ပြောပြချင်ပါတယ်။
"ညဘက်ထမင်းစားရင် ဝိတ်တက်တယ်"
"ကြက်ဥအနှစ်က ကိုလက်စထရောများတယ်"
ဒီလိုစကားမျိုး ကြားဖူးကြမယ်ထင်တယ်။ ဒါတွေက တကယ်မှန်ရဲ့လား။ ဒါမှမဟုတ် အယူအဆမှားတွေလား။ ဒီနေ့ ဒီအကြောင်းလေးတွေကို ပေါ့ပေါ့ပါးပါး ဆွေးနွေးကြည့်ရအောင်။
---
❌ညဘက်ထမင်းစားရင် ဝိတ်တက်တယ်
ဒီစကားက ဝိတ်ချနေတဲ့သူတွေကြားမှာ အရမ်းခေတ်စားတဲ့စကားပါ။ ည ၈ နာရ…
❤2
26 Feb 2026, 13:10 UTC50 views3 reactionsread 13 August 2026 ၄။ အာဟာရပညာရှင်နဲ့ တိုင်ပင်ပါ။
အားဆေးမဝယ်ခင် ကိုယ့်မှာ တကယ်လိုအပ်လားဆိုတာ အာဟာရပညာရှင်နဲ့ တိုင်ပင်ကြည့်ပါ။ သွေးစစ်ကြည့်မှ ကိုယ်က ဘယ်ဗီတာမင်ချို့တဲ့နေလဲဆိုတာ သိနိုင်မှာပါ။
---
အားဆေးသောက်မယ်ဆိုရင် ဒါလေးတွေ သတိထားပါ
၁။ အစာနဲ့တွဲသောက်ပါ။
ဗီတာမင်အများစုက အစာနဲ့တွဲသောက်မှ စုပ်ယူမှုကောင်းပါတယ်။ အထူးသဖြင့် အဆီတွင်ပျော်ဝင်တဲ့ ဗီတာမင်တွေက အဆီပါတဲ့အစာနဲ့ တွဲသောက်မှ ပိုကောင်းပါတယ်။
၂။ ရေများများသောက်ပါ။
ရေတွင်ပျော်ဝင်တဲ့ဗီတ…
❤3
26 Feb 2026, 13:10 UTC42 views3 reactionsread 13 August 2026 အားဆေးတွေအကြောင်း သိကောင်းစရာ
(သောက်သင့်လား၊ မသောက်သင့်ဘူးလား။ ဘယ်လိုသောက်ရင်ကောင်းမလဲ။)
ဒီတစ်ခေါက်တော့ လူတိုင်းနီးပါးနဲ့ ဆိုင်တဲ့ အားဆေးအကြောင်း ပြောပြချင်ပါတယ်။
မြန်မာပြည်မှာ အားဆေးတွေ အရောင်းအဝယ်ကြမ်းတယ်ဆိုတာ သတိထားမိကြမယ်ထင်တယ်။ Facebook မှာ group တွေဖွဲ့ပြီး ရောင်းကြတယ်လေ။ အိမ်ကလူကြီးတွေ လိုင်းပေါ်ကမှာတာ အိမ်ကိုတောင် ဆိုင်ကယ်လေးနဲ့ ကြွပ်ကြွပ်အိတ်ထဲထည့် လာပို့သွားတယ်။ မြန်မာလို ဆေးညွုန်းတောင် print ထ…
❤3
25 Feb 2026, 06:24 UTC42 views1 reactionsread 13 August 2026 · "အဆီလုံးဝမပါ" (Fat Free) ဆိုရင် သကြားများနေတတ်တယ်။
· "သကြားမပါ" (Sugar Free) ဆိုရင် အဆီများနေတတ်တယ်။
· "သဘာဝအတိုင်း" (Natural) ဆိုပြီး ရေးထားရင်လည်း မယုံလိုက်ပါနဲ့။
· "ဗီတာမင်အေ ဖြည့်စွက်ထား" (Enriched with Vitamin A) ဆိုရင် တခြားနေရာမှာ အာဟာရဓာတ်တွေ လျော့နည်းနေတတ်တယ်။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်တစ်ခါ စူပါမားကတ်သွားရင် ကုန်ပစ္စည်းတွေရဲ့ နောက်ကျောဘက်ကို လှန်ကြည့်ဖို့ မမေ့ပါနဲ့ခင်ဗျ။
❤1
25 Feb 2026, 06:24 UTC40 views1 reactionsread 13 August 2026 ဒီတစ်ခေါက်တော့ စူပါမားကတ်ထဲမှာ ကုန်ပစ္စည်းတစ်ခုကို ကောက်ကိုင်လိုက်တိုင်း နောက်ကျောဘက်မှာ ပါတတ်တဲ့ အာဟာရအညွှန်း (Nutrition Facts) အကြောင်း ပြောပြချင်ပါတယ်။
စာလုံးသေးသေးလေးတွေ၊ ဂဏန်းတွေ ပြည့်နေတဲ့ဇယားလေးကို ပြောတာပါ။ တစ်ခါတလေ ကြည့်မိပေမယ့် ဘာကိုဆိုလိုမှန်း မသိလိုက်ဘူး မဟုတ်လား။ ဒါမှမဟုတ် အချို့ သိပ်မကြည့်ဖြစ်တာလည်း ရှိမယ် ။ မဖတ်တတ်ရင်လည်း စိတ်မပူပါနဲ့။ ဒီနေ့ ဒီဇယားလေးကို အလွယ်ဖတ်နည်းလေး ပြောပြပါမယ်။ အချိန်ယူပြီး အေး…
❤1
22 Feb 2026, 11:15 UTC38 viewsread 13 August 2026 (စာကြွင်း - လူမမာ၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ အားကစားသမားများနဲ့ အဘိုးအဘွားအရွယ်တွေမှာ အာဟာရပညာရှင်နဲ့တိုင်ပင် တွက်စားဖို့လိုပါမယ်ခင်ဗျ)
22 Feb 2026, 11:15 UTC36 views1 reactionsread 13 August 2026 ကျွန်တော့ချန်နယ် စာဖတ်သူတွေအားလုံးက ပညာတတ် လူငယ်၊လူလတ်ပိုင်းတွေပါ။ Nutritionist/ Dietitian ဖြစ်ချင်သူတွေ စိတ်ဝင်စားသူတွေလည်း ပါကောင်းပါမယ်။
ဘာကို ဘယ်လောက်စားဆိုတာထက် ပညာရေးဆန်ဆန် ဆွေးနွေးကြတာ ပိုစိတ်ဝင်စားဖို့ကောင်းမယ်။
ကော်ဖီတစ်ခွက်နဲ့ဖြစ်ဖြစ် အချိန်ယူပြီး ပေါ့ပေါ့ပါးပါး ဖတ်ကြည့်ပါ။
ကျွန်တော်တို့ အာဟာရဆိုင်ရာ စကားတွေပြောကြတဲ့အခါ EAR, RDI, AI, UL ဆိုတဲ့ အတိုကောက်တွေ သုံးပါတယ်။ (မြန်မာပြန်ဆိုချက်တော့ မတွေ…
❤1
20 Feb 2026, 07:38 UTC41 views1 reactionsread 13 August 2026 ကင်ဆာ နဲ့ သကြား
သကြားက ကင်ဆာဆဲလ်တွေကို အားပေးတယ်လို့ လိုင်းပေါ်မှာ ပြောနေကြတာ ကြားဖူးကြမယ်ထင်ပါတယ်။ တကယ်လည်း မှန်ပါတယ်။
ဒါပေမယ့် အကျိုးသင့် ချိန်ဆနိုင်အောင် ဆက်လေ့လာကြည့်ရအောင်။
ကင်ဆာဆဲလ်တွေဟာ ပုံမှန်ဆဲလ်တွေထက် သကြား (ဂလူးကို့စ်) ကို ပိုပြီး စားသုံးကြပါတယ်။ ဒါကို Warburg Effect လို့ခေါ်ပါတယ်။ ဒါပေမယ့် ဒီမှာ အရေးကြီးတဲ့အချက်က သကြားစားတာက ကင်ဆာကို တိုက်ရိုက်မဖြစ်စေဘူးဆိုတာပါပဲ။
တကယ့်အန္တရာယ်က သကြားမဟုတ်ဘဲ ကျွ…
❤1
18 Feb 2026, 05:31 UTC42 views3 reactionsread 13 August 2026 သကြားလျှော့စားကြည့်မယ်
ဒီနေ့ခေတ် မြန်မာအများစုအတွက် နေ့စဉ်ဘဝမှာ သကြားက အတော်များများ နေရာယူထားတယ်။ လူတွေက မနက်ခင်းအိပ်ရာနိုးတာနဲ့ လက်ဖက်ရည်ဆိုင်ကို ဦးတည်တာ ထုံးစံလိုဖြစ်နေပြီ။
အများစုက နို့ဆီနဲ့ဖျော်တဲ့ ချိုစိမ့်၊ ပုံမှန်လို လက်ဖက်ရည်ချိုချိုလေး တစ်ခွက်ကနေ နေ့၁နေ့ရဲ့ အစကို ဖွင့်လိုက်တယ်။ အချို့လူငယ်တွေကျပြန်တော့ သကြားပါတဲ့ ကော်ဖီပေါ့ ။
အလုပ်ရောက်ပြန်တော့လည်း နောက်ထပ်တစ်ခွက်သောက်မိတယ်။ ညနေဧည့်သည်လာရင် …
❤3
17 Feb 2026, 04:56 UTC53 views3 reactionsread 13 August 2026 မြန်မာတွေစားတဲ့ ကြက်သွန်ဖြူ ဆီချက် နဲ့ Botulism
မြန်မာရိုးရာအရ အိမ်တွေမှာ အသုပ်စားဖို့ ကြက်သွန်ဖြူဆီချက် လုပ်ပြီး သိမ်းထားလေ့ရှိတယ်။
ကြက်သွန်ဖြူကကြော်ပြီး ဆီစစ်ထားရင် ပြသနာမဟုတ် ဆီထဲစိမ်ထားရင်တော့ ပြသနာရှိပါတယ်။
Clostridium botulinum ဆိုတဲ့ Bacteria အကောင်တွေပေါက်နိုင်ပြီး စားမိသူတွေမှာ Botulism ဆိုတဲ့ အာရုံကြောထိခိုက်ပျက်စီးမှု ဖြစ်နိုင်ပါတယ်။
ဒါကြောင့်မို့လို့ ဆီချက်လုပ်ပြီးရင် နေရောင်ခြည် ကာကွယ်ဖို…
❤3
15 Feb 2026, 03:47 UTC70 views1 reactionsread 13 August 2026 ဗယ်လင်တိုင်းနေ့ကတော့ ဒီနှစ် ပြီးသွားပါပြီ၊ ဒါပေမယ့် ချောကလက်စားတော့မယ်ဆိုရင် သိထားသင့်တာလေးတွေ ရှိပါမယ်။ ချောကလက်က အချစ်ကို ဖော်ပြတဲ့ လက်ဆောင်ဆိုပေမယ့် အရွေးမှားရင်တော့ 'မင်းကို ဂရုစိုက်တယ်' ဆိုတာထက် 'ဒီမှာ သကြားဗုံးအကြီးကြီး' ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားလိမ့်မယ်။
ဗယ်လင်တိုင်းအတွက် ရောင်းတဲ့ ချောကလက် အများစုဟာ နို့ချောကလက် ဒါမှမဟုတ် အဖြူရောင်ချောကလက်တွေပါ။ ကြည့်ရတာ လှပေမယ့် တကယ်တမ်းကျတော့ သကြားဓာတ်နဲ့ မကေ…
❤1
Showing the 12 most recent of 18 posts we hold for @kpsnutrishare. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.