17 Jun 2026, 16:35 UTC361 views4 reactionsread 8 August 2026 Photo
လက်တွေ့အကျဆုံးကိုပဲ စဉ်းစားရရင်
ကိုယ်စိတ်မကောင်းဖြစ်သွားတဲ့ အခိုက်အတန့်
ကိုယ်ဝမ်းနည်းသွားရတဲ့ တစ်ညတာအတွက်တောင်
သူဟာ စိတ်ကျေနပ်မှုရဖို့ ချော့မော့ဖို့ စေတနာ
မရှိခဲ့ဘူးဆိုရင် တခြားဘာကိုမှ မမျှော်လင့်တော့ဘူး။
တန်ဖိုးကြီးလက်ဆောင်ထက် စိတ်မဆင်းရဲစေခြင်းဟာ
ပိုတန်ဖိုးရှိတယ်ဆိုတာ လက်ခံလာနိုင်တဲ့တနေ့မှာ
ငါတို့ဟာ ကြာကြာငိုစရာလဲ မလိုအပ်တော့ဘူး။
- ခြူး 🌼🍀
😢2❤1💔1
26 May 2026, 05:33 UTC488 views6 reactionsread 8 August 2026 Photo
သူတောင်မသိချင်ယောင်ဆောင်သေးတာပဲ.....
ကိုယ်ကမလွမ်းချင်ယောင်ဆောင်လိုက်တယ်.....
စျေးပေါနေပေမဲ့တန်ဖိုးထားပါ.....
တစ်ချို့အရာတွေက နှစ်ခါပြန်ရလောက်အောင်စျေးမပေါဘူး......
မချစ်တော့ဘူးလားလို့တောင်မမေးရဲတော့ဘူး......
မတော်လို့ဟိုကအရင်ကတည်းကမချစ်ခဲ့တာဆိုကိုယ်ပဲငိုရအုံးမှာပါ...
တကယ်တော့အသဲကွဲတဲ့ကံစမ်းမဲဆိုတာ....
အရမ်းချစ်တတ်တဲ့သူတွေမှ.....
ထူးခြားရွေးချယ်ပြီးပေါက်တဲ့အရာပေါ့......
-ခြူး
💔3😢2❤1
10 May 2026, 13:04 UTC≈1,130 views5 reactionsread 8 August 2026 Photo
နာကျင်လို့၀သွားရင် မင်းကို မေ့မှာ ...
ဘယ်လောက်ပဲ
နာကျင်နေပါစေ
တစ်ချက်လေးတောင်
ငဲ့ကြည့်ဖော်မရတဲ့ လူတစ်ယောက်ကို
အချိန်တစ်ခုရောက်ရင် မေ့မှာပါ
အချိန်တစ်ခုရောက်ရင်
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်သွားမှာပါ
ခုထိတော့
ကိုယ့်ကိုယ်ကိုယ်
ချစ်လို့ မရသေးဘူး ...
နာကျင်နေရဲ့နဲ့တောင်
သူ ပြန်လှည့်လာရင်ဆိုပြီး
နေရာတွေ ပေးနေမိတုန်းပဲ
နောင်တတွေရလာရင်
ခွင့်လွှတ်ဖို့
တွေးနေတုန်းပဲ
မင်းက ...
ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တတ်တယ်
ပြီးတော့ ...
သိပ်အ…
🔥2😢2❤1
5 May 2026, 14:06 UTC938 views4 reactionsread 8 August 2026 Photo
ခင်ဗျားကို
မျက်နှာ လွဲလိုက်ပြီ ...
ခင်ဗျားကို
ဘယ်အရာ
ဘယ်အကြောင်းအရာကိုမှ
ပြောမပြတော့ဘူး ...
ဘယ်လိုအရာ
ဘယ်လို အကြောင်းတွေကြောင့်
ဖိအားမပေးတော့ဘူး ။
ကျွန်တော်တို့က
မနီးတော့ဘူးမလား
မနီးတဲ့အတိုင်းနေကြတာပေါ့
တကူးတကကြီး
ကျွန်တော့်အတွက် လုပ်ပေးရမယ်ဆို
ဘယ်အရာကိုမှ မလုပ်နဲ့တော့
ခင်ဗျားအတွက်
ပင်ပန်းရတယ်ဆို
ဘာကိုမှ မကြိုးစားနဲ့တော့ ။
ဒီအတိုင်း
တစ်သက်လုံးဆိုတော့လဲ
တစ်သက်လုံးပေါ့ ...
အဆင်ပြေပါတယ် ။
-ခြူး
💔2😢2
1 May 2026, 11:58 UTC≈1,140 views3 reactionsread 8 August 2026 Photo
ရှေ့လူကြီးတွေပြောဖူးတယ်🤍
ယော"ကျ်ားတစ်ယောက် တကယ်ချစ်လာပြီဆိုရင်
သူချစ်တဲ့ မိန်းကလေးကို အနည်းဆုံးတော့ မျက်ရည်မကျအောင် ထားတတ်ကြတယ်တဲ့
လိုချင်တာ မဖြည့်ဆည်းပေးနိုင်ရင်တောင်မှ
အဲ့မိန်းကလေး မကြိုက်လောက်ပါဘူးဆိုပြီး တိတ်တိတ်လေး သူ့ရဲ့တစိတ် တစ်ပိုင်းလေးက အစ ပြုပြင်တတ်လာကြတယ်
ဒီလိုယော"ကျ်ားလေးကို ပိုင်ဆိုင်ရတဲ့ မိန်းကလေးဟာ
သိပ်ကံကောင်းတဲ့ သူလေးပါတဲ့ 🌿🌿🌿
-ခြူး 🍀🪻
💔2😢1
16 Apr 2026, 19:01 UTC≈1,600 views4 reactionsread 8 August 2026 Photo
မျက်ရည်သုပ်ပေးတဲ့သူမျိုးထက်
မျက်ရည်မကျအောင်ထားပေးမယ့် သူမျိုးကိုပဲ
မက်မောပါတယ်။
ချမ်းသာနေတဲ့ သူထက်
ကိုယ်ကျင့်တရားကောင်းတဲ့သူကို
ပိုမက်မောပါတယ် ။
ပြီးပြည့်စုံနေတဲ့သူထက်
မဖောက်ပြန်တတ်တဲ့သူကို ပိုမက်မောပါတယ် ။
အချစ်ခံရတာထက်
ပစ်မထားရင်ပဲ တော်ပါပြီ ။
ကိုယ်ကျင့်တရားကောင်းတယ်
စာနာစိတ်ရှိတယ်
ကာကွယ်စောက်ရှောက်နိုင်တယ်ဆိုရင်
မပြည့်စုံရင်တောင် မက်မောစရာကောင်းပါတယ် ။
😍2😢2
23 Mar 2026, 19:22 UTC≈1,040 views8 reactionsread 8 August 2026 Photo
ပျော်အောင်ထားပါ့မယ်လို့ ပြောတဲ့လူဟာ
ငိုအောင်လုပ်ရင် လုပ်မိလိမ့်မယ် ၊
ပျော်အောင်ထားပါ့မယ် မပြောတဲ့လူက
ပျော်အောင်ထားရင် ထားမိလိမ့်မယ် ။
တကယ်တမ်းက
စကားလုံးတွေလှအောင်ပြောနေတာထက်
အလုပ်နဲ့သက်သေပြတဲ့လူကိုသာ
ကျွန်တော်တို့ ပိုလိုအပ်ပါတယ် ။
-ခြူး
💭🌷
❤5🥰3
22 Mar 2026, 17:29 UTC993 views5 reactionsread 8 August 2026 Photo
ပေးဆပ်နေကမျှ ကာလပတ်လုံး
မင်းက သူ့ကို ချစ်နေသမျှ..
ကိုယ်က မင်းကိုချစ်နေသမျှ💔
သံသရာတစ်လျှောက်လုံး...
အလယ်အလတ်လမ်းစဥ်ဖြစ်နေအုံးမှာမလား😴
-L. M. T🌼🍀
🥰2😢2❤1
12 Mar 2026, 23:48 UTC≈1,570 views7 reactionsread 8 August 2026 Photo
တစ်နေ့မှာ မင်းရဲ့ဖြစ်တည်မှုပုံစံကို
အသိအမှတ်ပြုတဲ့သူ ရှာတွေ့ဦးမှာပါ။
မင်းရဲ့ အမူအကျင့်လေးတွေ
ဂရုစိုက်တတ်မှုတွေ၊ စိတ်ထားလေးတွေကို
သတိထားမိပြီး တန်ဖိုးထားပေးမယ့်လူက
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာဦးမှာပါ။
ဒါကြောင့် တချို့ခွဲခွာခြင်းတွေကို
မနာကျင်တော့ဘဲ မေ့ပစ်လိုက်ပြီး
ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးချစ်ပေးပါ။
//🪻🍀
❤4🥰2🔥1
11 Mar 2026, 18:10 UTC≈1,340 views6 reactionsread 8 August 2026 Photo
အချစ်ဦးလဲ မင်းပဲ
အချစ်ဆုံးလဲ မင်းပဲ။
နွေဦးနဲ့ နွေနှောင်းက
ကိုယ့်အတွက်ပဲဖြစ်မယ်ထင်တယ်။
နွေဦးရောက်ခဲ့ပေမယ့်
ကိုယ့်အနားမင်းမရှိတော့ဘူး။
မင်းနဲ့ဝေးခဲ့ရင်တောင် ကိုယ့်နှလုံးသားမှာ
မင်းကိုပဲ သိမ်းထားမှာ။
-ခြူး🍀🍂
❤2🥰2😢2
7 Mar 2026, 16:28 UTC≈1,240 views8 reactionsread 8 August 2026 Photo
တကယ်လို့
နောင်ဘဝဆိုတာ ရှိလာခဲ့ရင်
အခုငါ့အပေါ်လုပ်သလို ငါ ငို ကြွေးရသလို
မင်းအပေါ်မှာ ဝဋ်ပြန်မလည်ပါစေနဲ့လို့
ငါဆုတောင်းပေးလိုက်ပါတယ်။
-ခြူး🪻🍂
💔4❤2🕊2
6 Mar 2026, 07:11 UTC841 views5 reactionsread 8 August 2026 Photo
ဘဝကြီးမှာ
ဘာတွေလိုချင်လဲလို့ မေးလာတဲ့ အခါ
" အေးချမ်းမှု " ဒီအတိုင်း “ စိတ်အေးချမ်းမှု" လို့ဖြေမိမှာ။
ဘာမှမတွေးဘဲ
ငြိမ်ငြိမ်သက်သက်လေးနဲ့ အရာ အားလုံးကို
အရှိကိုအရှိအတိုင်း လက်ခံပြီး နေ့ရက်တိုင်းကို အေးအေးချမ်းချမ်း ဖြတ်ကျော်သွားနိုင်ဖို့ပဲ တွေးနေမိတယ်။
ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မပေးဘဲ
ဘယ်သူကမှလည်း စိတ်အနှောင့်အယှက်မပေးဘဲ
ဒီတိုင်း လေးပဲ အေးအေးချမ်းချမ်းလေး နေ့ရက်တွေကို ကုန်ဆုံးသွားချင်တော့တယ်။
ဒီလောက်ပါပဲ
-ခြူး🍂🪻
❤5
Showing the 12 most recent of 20 posts we hold for @fallinlove99. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.