14 Feb 2025, 01:06 UTC≈1,750 views6 reactionsread 9 August 2026 ဖေဖော်ဝါရီ ၁၄
ပန်းတွေဟာ အစွမ်းကုန်မွှေးနေ ချောကလက်တွေဟာ အစွမ်းကုန် ချိုမြနေပါတယ်
ချစ်ရသူအမျိုးသမီးလေးလဲ အစွမ်းကုန်လှနေပါလိမ့်မယ်
ကမ္ဘာတစ်ဝန်းလုံး အချစ်ရဲ့အငွေ့အသက်တွေ ပန်းတို့ရဲ့မွှေးရနံ့တွေ လွှမ်းခြုံနေပါလိမ့်မယ်
ချစ်သူနှစ်ဉီးကြားကချစ်ခြင်းတရားတွေ မယိုင်လဲ ခိုင်မြဲကြမယ်
ပျော်စရာတွေမျှဝေကာ အခက်ခဲတွေကြားမှာလဲ လက်တွဲထားကြမယ် ။
-အိုဗင်
❤3❤🔥2🍓1
13 Feb 2025, 14:02 UTC≈1,750 views2 reactionsread 9 August 2026 ဟုတ်ကဲ့ ကျွန်တော်
အလေ့ကျပေါက်ပင်အား
ကြွေအိုးတွင်းထား
စိုက်ရန်ကြိုးစားသော်ငြား
ယုယလွန် နုရွလွန်၍
ထိုအပင်ငယ် သေခဲ့ပါတယ်။
-အိုဗင်
❤2
13 Feb 2025, 08:40 UTC≈1,650 views2 reactionsread 9 August 2026 ၁၃
--------
လူတွေက 14ရက်နေ့မှာ
ချစ်တဲ့သူတွေအတွက် ပြင်ဆင်နေချိန်
13ရက်နေ့ရဲ့အဓိပ္ပာယ်နှင့်
ဗိုလ်ချုပ်မွေးနေ့ကို မေ့ထားကြပြန်တယ်
တချို့ကျ တောနက် ထဲမှာ 13ရက်နေ့ ကိုဂါ၀ရပြုနေကြချိန် မင်းဘာလုပ်နေသလဲ
ဗိုလ်ချုပ်မွေးနေ့ တို့မမေ့
ဗိုလ်ချုပ်စကား နှလုံးသွင်းထား...
ခိုင်
🍓2
13 Feb 2025, 08:32 UTC≈1,650 views2 reactionsread 9 August 2026 ဖေဖော်ဝါရီ ၁၃
ယနေ့မှာ ဂျိုးဖြူငှက်ဇာနည်မွေးဖွားခဲ့တယ်
ယနေ့မှာ အမှောင်အတိပြီးတဲ့နိုင်ငံမှာ အလင်းရောင်ပေါ်ထွန်းခဲ့တယ်
သူသည် နေဝင်ချိန်တွေ ချုပ်ငြိမ်းစေမည့်သူ ၊ ရောင်နီကိုဖော်ဆောင်နိုင်မည့်သူ ၊ လွတ်လပ်မှုကိုဆောင်ကျဉ်းပေးမည့်သူ ၊ နှစ်ယောက်မရှိသောသူ ။
ယနေ့မှာ လူသေသော်လည်း နာမည်မသေတဲ့ အတုမရှိ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့ပါတယ် ။
- အိုဗင်
❤1🍓1
12 Feb 2025, 14:21 UTC≈1,570 views2 reactionsread 9 August 2026 နှင်းတေကြောင့်လား
မြူတေကြောင့်လား
ဟော....ဟိုမှာကြည့်
မှုန်ဝါးဝါးပဲ မြင်ရတော့တဲ့
ငါတို့အနာဂတ်လေး🥀
#ahs
❤2
11 Feb 2025, 12:30 UTC≈1,460 views2 reactionsread 9 August 2026 Photo
မေတ္တာဆုခြွေ မမမေ
ကျွန်တော့်စိတ်ရဲ့ကန္တာရမှာ
ရှင်သန်နိုင်တဲ့
တစ်ပင်တည်းသော အပင်လေးဟာမမမေပဲ။
ဖြတ်သန်းခွင့်ပေးထားတဲ့
တစ်ကောင်တည်းသော လိပ်ပြာလေးဟာလည်းမမမေပါပဲ။
တိုက်ခတ်ခွင့်ပေးထားတဲ့
မုန်တိုင်းလေးဟာလဲ မမမေပဲဖြစ်တယ်....
မမမေရဲ့အပြုံးတွေဟာ
ကန္တာရမှာ ပန်းတွေပွင့်စေဖို့လုံလောက်တယ်....
မမမေရဲ့ဆံနွယ်တွေဟာ
ကန္တာရမှာ လေတွေနုစေဖို့
လုံလောက်တယ်.....
မမမေရဲ့ မျက်လုံးတွေဟာ
ကန္တရမှာ အိုအေစစ်ဆန်ဆန်
ကြည်လင်နေတယ်....
နားလည်စရာမလ…
🍓2
11 Feb 2025, 12:22 UTC≈1,250 views2 reactionsread 9 August 2026 အဆင်မပြေတဲ့အခါ
ဒီလူဆီပြန်လာခဲ့ပါ
မင်းအတွက်သီးသန့်
တံခါးဖွင့်ထားတဲ့
ရင်ခွင်တစ်စုံဟာ
အမြဲထာ၀ရ
ရှိလျက်ပါ
#Thaw
❤2
10 Feb 2025, 13:30 UTC≈1,190 views1 reactionsread 9 August 2026 Photo
ချစ်သောရာသီ
မြေဆီလည်း စွမ်းသည်။
ရေကြည်လည်း ဖြန်းသည်။
နေခြည်လည်း လန်းပါသည်။
သို့သော်....
ပန်းစုံစုံ မလန်းကုန်သည်မှာ
ဖောက်လွဲဖောက်ပြန် လွမ်းရာသီဆန်
နွမ်းယုံမက ကျွမ်းကုန်ကြသည်မို့
ပြန်တမ်းအမှာ ရောက်စမ်းပါလေ...
ချစ်သောရာသီရေ.....
ချစ်သောရာသီရေ....
စစ်သည်အမုန်းကို ချစ်ကြည်အပြုံးနှင့်
နွယ်ယှက်ဖုံးလို့
ကွယ်လျက်ရှုံးစေချင်ပါသည်။
အမောင်စစ်သည်...ဘယ်တောင်ကိုကျော်လို့ ဘယ်ချောင်းကိုဖြတ်မည်လော....
ပင်ပန်းနွမ်းလျ ကြမ်းတမ်းလွန်းလှ…
❤1
9 Feb 2025, 10:01 UTC≈1,030 views2 reactionsread 9 August 2026 တကယ်လို့များ
နည်းနည်းလေး ပစ်ထားရင်
အများကြီး ဝမ်းနည်းတတ်ပြီး
နည်းနည်းလေး အချစ်ခံရရင်တောင်
အကြီးကြီး ပျော်ရွှင်နေတတ်တဲ့
မရင့်ကျက်တဲ့ အပြုအမူနဲ့
စိတ်ခံစားမှုများတဲ့ လူသားတစ်ယောက်ကိုပြပါဆို
ကျွန်တော့်ကို လက်ညှိုးထိုးပါ
- လင်းမာအို
❤2
9 Feb 2025, 07:48 UTC988 viewsread 9 August 2026 ဘာလိုလိုနဲ့
လက်ပံဖူးချိန်ရောက်တော့မည်
နွေရောက်တိုင်း
ခွေးတွေသာ မရူးခဲ့ရင်
ငါတို့ စွန်လွတ်ရတာ
ဘယ်လောက်ပျော်စရာကောင်းလိမ့်မလဲ..။
-ဗလာစာရွက်
7 Feb 2025, 09:24 UTC975 viewsread 9 August 2026 စောင့်ခဲ့သည် ၊ စောင့်ခဲ့သည်
စောင့်နေမိသေးသည် ၊ ဆက်၍စောင့်နေမိဆဲ တခြားသောသူ တပါးသောသူ၏။
ရင်ခွင်ထဲ ရောက်ရှိ သွားသော
သူ အား ........
-ခိုင်
5 Feb 2025, 09:45 UTC834 viewsread 9 August 2026 Photo
ကျလက်စမျက်ရည်ပေါင်းများစွာကို
ခေါက်သိမ်းဖူးသလို
လျှောက်လက်စလမ်းပေါင်းများစွာကိုလည်း
ခေါက်သိမ်းဖူးတဲ့ကောင်ပါ။
ချစ်မိတဲ့ရပ်ဝန်းက
ပေးသမျှဒဏ်ရာတိုင်းကို
ဘဝတစ်လျှောက် လက်ဆောင်အဖြစ်
သယ်ဆောင်သွားပြီး
ဒီအရပ်ကို ပြန်ချေမချမိဖို့
ကိုယ့်ကိုယ်ကိုယ်ဆုံးမပါ့မယ်။
ကမ္ဘာဟာ နာကျင်စရာတွေများကြောင်း
သံသရာမှာ ကြုံသမျှဘုရားတိုင်းကို
ငါတိုင်ပြောမယ်
ရသမျှတရားတိုင်းကို ငါလိုက်နာမယ်
ဒီသံသရာကနေ ငါပြေးနိုင်သလောက်ပြေးမယ်...
-သော်ခဏ်း
Showing the 12 most recent of 20 posts we hold for @equallyheart. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.