19 Jul 2026, 08:41 UTC509 views5 reactionsread 8 August 2026 Photo
Facebook အပါအဝင် Meta ရဲ့ လူမှုကွန်ယက်တွေ လတ်တလော သုံးစွဲမရဖြစ်နေ
AAMIJ / ဇူလိုင် ၁၉
လွန်ခဲ့တဲ့ မိနစ် ၃၀ ကျော်ခန့်ကစပြီး Facebook အပါအဝင် Meta ရဲ့ လူမှုကွန်ယက်တွေကို ကမ္ဘာတစ်ဝှမ်းမှာ သုံးစွဲမရတာတွေ ဖြစ်ပေါ်နေပါတယ်။
ကွန်ပျူတာကနေ အဆိုပါ လူမှုကွန်ယက်တွေကို ဝင်ရောက်အသုံးပြုလို့ မရဖြစ်နေတာပါ။
မိုဘိုင်းဖုန်းနဲ့ အဆိုပါ လူမှုကွန်ယက်တွေကို သုံးစွဲလို့ ရနေပေမယ့် Messenger ကနေ ဖုန်းခေါ်ဆိုတာတွေကိုတော့ လုပ်ဆောင်လို့ မရဖြစ်နေ…
👍3❤2
18 Jul 2026, 11:20 UTC911 views6 reactionsread 8 August 2026 Photo
အာဇာနည်နေ့တွင် ဟွန်းတီးပါက ဖမ်းဆီးမည်ဟု စစ်တပ် ခြိမ်းခြောက်၊ တပ်မိသားစုဝင်များကိုပါ အနက်ရောင်မဝတ်ရန် တားမြစ်ထား
AAMIJ/ ဇူလိုင် ၁၈
မနက်ဖြန်မှာ ကျရောက်မယ့် အာဇာနည်နေ့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကားဟွန်းတီးပါက အရေးယူဖမ်းဆီးမယ်လို့ စစ်တပ်က အငှားယာဉ် (Taxi) များကို ဖိအားပေး ခြိမ်းခြောက်မှုများ ရှိတဲ့အပြင် တပ်မိသားစုဝင်များကိုလည်း အနက်ရောင်ဝတ်ဆင်ခြင်းမပြုဖို့ ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရပါတယ်။ ဆက်လက်ဖတ်ရှုရန်…
🤬5👍1
15 Jul 2026, 09:47 UTC621 views4 reactionsread 8 August 2026 Photo
ရန်ကုန်မှာ ခေါင်းစဉ်မျိုးစုံနဲ့ စစ်တပ်လက်အောက်ခံအာဏာပိုင်တွေက လစဉ်ဆက်ကြေးကောက်ခံနေ
AAMIJ / ဇူလိုင် ၁၅
ရန်ကုန်မြို့က ရပ်ကွက်တွေမှာ လစဉ် ခေါင်းစဉ်မျိုးစုံပြပြီး ရပ်ကွက်အာဏာပိုင်တွေက ဆက်ကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက AAMIJ ကို ပြောပါတယ်။
ဒီလို ခေါင်းစဉ်မျိုးစုံနဲ့ တောင်းခံနေတဲ့ လစဉ်ဆက်ကြေးကို မပေးနိုင်ရင် စစ်တပ်ထဲပို့မယ်လို့ ရပ်ကွက်အာဏာပိုင်တွေက ရပ်ကွက်နေပြည်သူတွေကို ခြိမ်းခြောက်နေပါတယ်။ အဆိုပါ ဆက်ကြေးငွေကို မြို့နယ်…
😢3🔥1
11 Jul 2026, 09:49 UTC356 views8 reactionsread 8 August 2026 Photo
စစ်တပ်ထိန်းချုပ်ထားသည့် မန္တလေးမြို့တွင် လုံခြုံရေးကျဆင်းနေပြီး ရဲအရာရှိ၏ စက်ဘီး
အခိုးခံရ
AAMIJ/ ဇူလိုင် ၁၁
စစ်တပ်က အုပ်ချုပ်နေတဲ့ မန္တလေးမြို့မှာ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး သိသိသာသာ ကျဆင်းလာနေပြီး၊ ဇူလိုင်လ ၈ ရက်နေ့၊ မနက် ၇ နာရီခန့်က စစ်တပ်လက်အောက်ခံ ရဲအရာရှိတစ်ဦးရဲ့ ကျပ်သိန်းလေးဆယ်ခန့်တန်ဖိုးရှိ စက်ဘီးတစ်စီး ခိုးယူခံလိုက်ရကြောင်း သိရပါတယ်။ ဆက်လက်ဖတ်ရှုရန် - https://m.facebook.com/story.php?story_fbid=pfbid…
😁5👍2🤣1
11 Jul 2026, 07:43 UTC223 views1 reactionsread 8 August 2026 Photo
မြဝတီသို့ အလုပ်သွားရင်း ပျောက်ဆုံးသွားတဲ့ ခင်ပွန်းကို ရှာဖွေနေရတဲ့ မိသားစု
AAMIJ / ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ကနေ မြဝတီမြို့ကို အလုပ်သွားခဲ့တဲ့ ကိုသက်ဖြိုးဝေနဲ့ အမျိုးသား ၃ ယောက်ဟာ လမ်းခရီးမှာ ပျောက်ဆုံးသွားပြီး အခုအချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။ ဆက်လက်
ဖတ်ရှုရန် - https://www.facebook.com/share/p/191c4ANmQo/?mibextid=wwXIfr
🔥1
7 Jul 2026, 08:50 UTC742 views6 reactionsread 8 August 2026 Photo
လှည်းတန်းဘူတာအနီး ရဲနှင့် ပျူစောထီးများ ပူးပေါင်းပြီး ပရဟိတကားများအသုံးပြုကာလူငယ်များကို ဖမ်းဆီးပြီး ပေါ်တာဆွဲနေ
AAMIJ/ ဇူလိုင် ၇
ရန်ကုန်မြို့၊ လှည်းတန်းနဲ့ ဗဟိုလမ်းဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင်များနဲ့ပျူစောထီများ ပူးပေါင်းကာ ပရဟိတလူနာတင်ကားများအသုံးပြုပြီး လူငယ်များကို ဖမ်းဆီးတာ၊ ငွေကြေးတောင်းခံတာနဲ့ စစ်မှုထမ်းဖို့ အတင်းအဓမ္မ စုဆောင်းတာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဆက်လက်ဖတ်ရှုရန် - h…
🤬3🔥2👍1
3 Jul 2026, 02:41 UTC303 views3 reactionsread 8 August 2026 Photo
စစ်တပ်အုပ်ချုပ်ရာ မွန်ပြည်နယ်မှာ လူသတ်အလောင်းဖျောက်မှု ထပ်ဖြစ်ပြန်ပြီ
AAMIJ / ဇူလိုင် ၃
ယမန်နေ့ ဇူလိုင်လ (၂) ရက်နေ့က စစ်တပ်အုပ်ချုပ်ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက်၊ တောင်ရိုးတန်း View Point အောက်ဘက် ချစ်သူလမ်းကြား လမ်းဘေးခြုံထဲမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံထားရတဲ့ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို စွန့်ပစ်
ခံထားရလျက် တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ဖတ်ရှုရန် - https://www.fac…
👍2🔥1
3 Jul 2026, 01:43 UTC≈3,200 views4 reactionsread 8 August 2026 Photo
မြဝတီတွင် လူငယ်အမျိုးသားအမျိုးသမီး (၁၀)ဦးခန့်ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး
AAMIJ / ဇူလိူင် ၃
ဇွန်လ ၃၁ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်ခန့်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက်မှာ လူငယ်အမျိုးသားအမျိုးသမီး (၁၀)ဦးခန့်လောက်ဟာ ၎င်းတို့အိမ်ရှေ့မှာ ဂစ်တာတီးပြီး သီချင်းဆိုနေကျစဉ် စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ဆက်လက်
ဖတ်ရှုပြီး ရုပ်သံကြည်ရှုရန် - https://www.facebook.com/share/r/1CK82wRtUX/?mibextid=wwXIfr
👍3🤬1
2 Jul 2026, 03:17 UTC402 views5 reactionsread 8 August 2026 Photo
အငုံစိတ်ကြီးတဲ့ မင်းအောင်လှိုင်
AAMIJ / ဇွန် ၂
ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းဟာ ကြီးမြတ်တဲ့ စိတ်နေသဘောထား (Statesmanship) နဲ့ တိုင်းပြည်အပေါ်ထားတဲ့ အမြော်အမြင်အပေါ်မှာ မူတည်ပါတယ်။
သို့သော် မြန်မာနိုင်ငံကို လက်နက်အားကိုးနဲ့ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ခေါင်းဆောင်ဆိုတဲ့ စံညွှန်းနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး သမိုင်းတစ်လျှောက် အငုံစိတ်အကြီးဆုံး၊ သိမ်ငယ်စိတ်အများဆုံး အာဏာရှင်အဖြစ် မှတ်တ…
👍4🔥1
2 Jul 2026, 02:08 UTC232 views4 reactionsread 8 August 2026 Photo
သာကေတ မြကန်သာပန်းခြံရှိ
ဗကသဥက္က ကိုအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း)ကြေးရုပ်ထုကို ညအချိန်မတော် စစ်တပ်ဖြိုဖျက်နေ
AAMIJ / ဇွန် ၂
ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ နယ်မြေရုံးဘက်ရှိ မြကန်သာပန်းခြံအတွင်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို စစ်တပ်က ညအချိန်မတော် လျှပ်စစ်မီးများ ဖြတ်တောက်ကာ စက်ယန္တရားကြီးများဖြင့် လာရောက်ဖြိုဖျက်နေတယ်လို့ AAMIJမှ စုံစမ်းသိရှိရပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုဖြိုနေတာပါ မြကန်သာပန်းခြံက…
🔥4
1 Jul 2026, 13:26 UTC316 views4 reactionsread 8 August 2026 Photo
လက်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌလဲဖြစ်
ဧရာဝတီတိုင်း ဝန်ကြီးချုပ်လဲဖြစ်ခဲ့ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတင်မောင်ဝင်း ဖမ်းဆီးခံရ
AAMIJ/ ဇူလိုင် ၁
စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့ဖူးသူ လက်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတင်မောင်ဝင်းကို လက်ရှိ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ဦးစီးကာ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း နေပြည်သတင်…
👍4
28 Jun 2026, 10:56 UTC≈3,090 views3 reactionsread 8 August 2026 Photo
မန္တလေးနည်းပညာတက္ကသိုလ် (MTU)ပါချုပ် အဂတိလိုက်စားမှုကို ကျောင်းသားများ အွန်လိုင်းတွင်ဖော်ထုတ်ဆန္ဒပြနေ
AAMIJ / ဇွန် ၂၈
Center of Excellence (COE) လို့ အမည်ခံထားတဲ့ နိုင်ငံရဲ့ ထိပ်တန်း မန္တလေးနည်းပညာတက္ကသိုလ် (MTU) မှာ ပါမောက္ခချုပ်အပါအဝင် ထိပ်ပိုင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ အဂတိလိုက်စားမှု၊ ဘတ်ဂျက်ငွေ အလွဲသုံးစားလုပ်မှုတွေနဲ့ ကျောင်းသားတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေကို သည်းခံနိုင်ခြင်း မရှိတော့တဲ့အတွက် ကျောင်းသားထုက လူမ…
❤3
Showing the 12 most recent of 14 posts we hold for @aamijburma. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.