17 Jul 2026, 14:32 UTC44 views2 reactionsread 8 August 2026 Photo
Word of the Day
အဆင့်မြင့်ပညာရပ်များ သင်ကြားဆည်းပူးရာ ဗဟိုဌာနကို မြန်မာဘာသာဖြင့် "တက္ကသိုလ်" ဟု ခေါ်ဆိုကြသည်။ ဤဝေါဟာရသည် ပါဠိဘာသာစကား "တက္ကသီလာ" (Takkasilā) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးခေတ် အိန္ဒိယနိုင်ငံ (ယခု ပါကစ္စတန်နိုင်ငံ ဧရိယာအတွင်း) တွင် တည်ရှိခဲ့သော ကမ္ဘာ့ရှေးအကျဆုံး ပညာရေးဗဟိုဌာနဖြစ်သည့် "တက္ကသီလာပြည်" ကို အစွဲပြု၍ ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်သည်။ ထိုခေတ်အခါက အတတ်ပညာအသီးသီးကို သင်ယူရန် ထိုပြည်သို့ သွားရောက်ကြ…
👍2
16 Jul 2026, 14:08 UTC50 views1 reactionsread 8 August 2026 Photo
တိဗက်ကုန်းပြင်မြင့်မှ မြစ်ဖျားခံ၍ မြန်မာနိုင်ငံ အရှေ့ပိုင်းကို ဖြတ်သန်းကာ ကပ္ပလီပင်လယ်သို့ စီးဝင်သော သံလွင်မြစ်သည် အရှည်ကီလိုမီတာ ၃,၂၈၉ ခန့် ရှည်လျားသည်။ ဤမြစ်ကြီး၏ အကြီးမားဆုံး ထူးခြားချက်မှာ အာရှတိုက်တွင် ရေကာတာကြီးများ ပိတ်ဆို့တည်ဆောက်ထားခြင်းမရှိဘဲ သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းနေဆဲဖြစ်သော အရှည်ဆုံးမြစ်ကြီး (Free-flowing river) ဖြစ်သည်။ သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် ထူးခြားသော ဇီဝမျိုးကွဲများစွာကို တွေ့ရှိရပြီ…
👍1
15 Jul 2026, 14:27 UTC42 viewsread 8 August 2026 Forwarded from @Wikimedia_MyanmarPhoto
Myanmar Wikisource - မြန်မာဝီကီရင်းမြစ် သည် အင်တာနက်ကွန်ရက်ပေါ်တွင် လွတ်လပ်စွာ ဖတ်ရှုနိုင်သော မြန်မာစာအုပ်စာပေများနှင့် သမိုင်းဝင်မှတ်တမ်းများ စုစည်းရာ ဒီဂျစ်တယ်စာကြည့်တိုက်တစ်ခု ဖြစ်သည်။ ယင်းသည် ဝီကီမီဒီယာ ဖောင်ဒေးရှင်း (Wikimedia Foundation ) ၏ အရေးပါသော စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး၊ မူပိုင်ခွင့်ကင်းလွတ်သော သို့မဟုတ် အများပြည်သူပိုင် (Public Domain) ဖြစ်သွားသော စာပေအမွေအနှစ်များကို အခမဲ့ လေ့လာနိုင်ရန် စ…
14 Jul 2026, 15:12 UTC55 viewsread 8 August 2026 Photo
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုတွင် တည်ရှိသော လန်ပိကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ် ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျွန်းမကြီးနှင့်တကွ ပတ်ဝန်းကျင်ရှိ ကျွန်းငယ်လေးများကိုပါ ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ဤဒေသသည် ဒီရေတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများနှင့် ရှားပါးရေနေသတ္တဝါများ ပေါကြွယ်ဝရာ နယ်မြေဖြစ်သည့်အပြင် "ပင်လယ်ဂျစ်ပစီ" ဟု လူသိများသော ဆ…
12 May 2026, 07:00 UTC114 views4 reactionsread 8 August 2026 Forwarded from @Wikimedia_MyanmarPhoto
အခမဲ့ သတင်းအချက်အလက်တွေကို ဝီကီပုံစံနဲ့ စုပေါင်းရေးသားခဲ့ကြတဲ့ ဝီကီသတင်း Wikinews စီမံကိန်းဟာ ၂၁ နှစ်ကြာ ခရီးစဉ်အပြီးမှာ ရပ်နားသွားခဲ့ပါပြီ။ ဝီကီမီဒီယာဖောင်ဒေးရှင်းရဲ့ ဆုံးဖြတ်ချက်အရ ၂၀၂၆ ခုနှစ် မေလ ၄ ရက်နေ့က စတင်ကာ ကမ္ဘာတစ်ဝန်းရှိ Wikinews စာမျက်နှာအားလုံးကို အပြီးတိုင် ပိတ်သိမ်းလိုက်ပါတယ်။
ဒီစီမံကိန်းအောက်မှာ ဘာသာစကားအမျိုးမျိုးနဲ့ လည်ပတ်နေတဲ့ သတင်းဆိုက်ပေါင်း ၃၁ ခု ရှိတာပြီး ရှမ်းဘာသာစကားလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့…
❤4
2 May 2026, 14:16 UTC129 views2 reactionsread 8 August 2026 Forwarded from @Wikimedia_MyanmarPhoto
မြန်မာစာ ရေးတဲ့အခါ မှားလေ့ရှိတဲ့ စာလုံးပေါင်းများ
ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ မြန်မာစာလုံးပေါင်းတွေထဲမှာ မှားနေမှန်းမသိ မှားပြီး ရေးမိနေတာတွေ အများကြီးရှိပါတယ်။
မြန်မာ ဝီကီပီးဒီးယားရဲ့ စာလုံးပေါင်း ပြင်ဆင်ချက်မှတ်တမ်းတွေအရ အမှားအများဆုံးတွေ့ရတဲ့ စာလုံးပေါင်း (၂၀) ကို အမှား နှင့် အမှန် ယှဉ်တွဲပြီး ဖော်ပြပေးလိုက်ပါတယ်။ မိမိကိုယ်တိုင် ဘယ်နှလုံးလောက် မှန်အောင် ရေးနိုင်သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး။
ဒီလိုမျိုး အမ…
❤2
28 Feb 2026, 14:56 UTC224 views1 reactionsread 8 August 2026 Photo
🛣 မြန်မာနိုင်ငံရဲ့ လမ်းမကြီးများအကြောင်း သင်သိပါသလား။
မြန်မာနိုင်ငံတစ်ဝန်း ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာမှုတွေအတွက် အဓိကကျတဲ့ "မြန်မာနိုင်ငံရှိ လမ်းမကြီးများ" ကွန်ရက်မှာ လမ်းအမျိုးအစား (၅) မျိုး ပါဝင်ပါတယ်။
၁။ အမြန်လမ်းမကြီးများ (Expressways)
မြို့ကြီးတွေကို အချိန်တိုအတွင်း ဆက်သွယ်ပေးထားတဲ့ အဓိက သွေးကြောကြီးတစ်ခုပါပဲ။
၂။ ပြည်ထောင်စုလမ်းမကြီးများ (National Highways)
ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကို ချိတ်ဆက်ပေးထားတ…
💯1
1 Feb 2026, 14:26 UTC237 views2 reactionsread 8 August 2026 Forwarded from @Wikimedia_MyanmarPhoto
We are pleased to announce that the 2025 Annual Report of the Myanmar Wikimedia Community User Group is now available.
This report highlights our activities from January 1 to December 31, 2025. You can read the full report at the link below.
🔗 Read here: https://meta.wikimedia.org/wiki/Myanmar_Wikimedia_Community_User_Group/Reports/2025
A special thank you to everyone who contributed to the Community's work during th…
❤2
13 Sept 2025, 14:27 UTC414 views5 reactionsread 8 August 2026 Photo
သင်သိပါသလား?
အင်ဒရိုမီဒါ ဂလက်ဆီသည် ကျွန်ုပ်တို့၏ အနီးဆုံး အိမ်နီးချင်း ဂလက်ဆီ ဖြစ်ကြောင်း သင်သိပါသလား။ ကြည်လင်သောညတွင် သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် ကြီးမားပြီး M31 ဟုလည်းသိကြသော ဤခရုပတ်ပုံဂလက်ဆီသည် ကမ္ဘာမှ အလင်းနှစ် ၂.၅ သန်းခန့် ကွာဝေးသည်။ ၎င်းတွင် ကြယ်ပေါင်း တစ်ထရီလီယံမျှ ရှိပြီး ကျွန်ုပ်တို့၏ မစ်ကီဝေးဂလက်ဆီ နှင့် အခြားသေးငယ်သော ဂလက်ဆီ ၄၄ ခုခန့်ပါဝင်သော ကျွန်ုပ်တို့၏ Local Group တွင် အကြီးဆုံးဂလက်ဆီ ဖြစ်သည်…
❤3🐳1👍1
29 Aug 2025, 14:42 UTC367 views2 reactionsread 8 August 2026 Forwarded from @Wikimedia_MyanmarPhoto
ရခိုင်ဘာသာစကား ဝီကီပီးဒီးယားကို စတင်လွှင့်တင်လိုက်ပြီ ဖြစ်တဲ့အကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။
ယခုအခါတွင် ရခိုင်ဘာသာစကားဖြင့် ရေးသားထားသော ဆောင်းပါးပေါင်း ၉၆၆ ပုဒ်ကို စတင်ဖတ်ရှုလေ့လာနိုင်ပါပြီ။
ရခိုင်ဝီကီပီးဒီးယားဟာ Myanmar Wikimedia Community User Group ရဲ့ ဆဋ္ဌမမြောက် ဝီကီပီးဒီးယား ပရောဂျက်ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် (၁၄) ခုမြောက် ဝီကီမီဒီယာ ပရောဂျက်တစ်ခုလည်း ဖြစ်ပါတယ်။
ရခိုင်ဘာသာစကားနဲ့ အသိပညာဗဟုသုတမျာ…
❤1🐳1
25 Aug 2025, 06:31 UTC298 views2 reactionsread 8 August 2026 Forwarded from @Wikimedia_MyanmarPhoto
ကရင်ဘာသာစကား ဝီကီပီးဒီးယားများ ဖြစ်မြောက်ရေးအတွက် Karen Dictionary Team က ဦးဆောင်စီစဉ်ပြီး Myanmar Wikimedia Community User Group က ပါဝင်ပံ့ပိုးပေးထားတဲ့ ကရင်ဘာသာစကား ဝီကီပီးဒီးယားများဆီသို့ "Road to Karen Wikipedia" အစီအစဉ်ကို အောက်ပါအတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
• နေ့ရက် ။ ။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် (သောကြာနေ့)
• အချိန် ။ ။ မြန်မာစံတော်ချိန် ည ၇:၀၀ နာရီ
• နေရာ ။ ။ Zoom Meeting
Meeting ID: 643 816 5409
Passco…
🐳2
17 Aug 2025, 14:09 UTC273 views5 reactionsread 8 August 2026 Photo
သင်ဟာ ဝီကီပီးဒီးယားမှာ တက်ကြွစွာပါဝင်တည်းဖြတ်နေသူတစ်ယောက်လား။ ဒါဆိုရင်တော့ သင့်အတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ ဝီကီပီးဒီးယားစာကြည့်တိုက်ကနေ ကမ္ဘာ့ထိပ်တန်း သုတေသနဒေတာဘေ့စ်တွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေနဲ့ စာအုပ်ပေါင်းများစွာကို အခမဲ့ရယူသုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။
ဝီကီပီးဒီးယားစာကြည့်တိုက်ဟာ ဝီကီပီးဒီးယားတည်းဖြတ်သူတွေကို ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေနဲ့ ချိတ်ဆက်ပေးဖို ဖန်တီးထားတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ပုံမှန်အား…
❤4🐳1
Showing the 12 most recent of 20 posts we hold for @WikipediaMyanmar. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.