13 Aug 2026, 09:23 UTC17 views1 reactionsread 13 August 2026 တောက်ခေါက်သံတွေ
တစ်လှေကြီးတင်လာတယ်ဗျ
ဝယ်ကြအုန်းမလားဗျ
ဒုက္ခအသံတွေကားတစ်စီး
အပြည့်ပါတယ်ဗျ ဝယ်ကြအုန်းမလားဗျ,
နာကျင်ခြင်းတွေလက်ပစ်ဗုံးတစ်လုံးလို
ပေါက်ကွဲထွက်ဖို့
စကားလုံးတစ်ချို့က
စာမျက်နှာထက်ကနေ
ဇောက်ထိုးကြီးခုန်ပေါက်တတ်လာတာ
ကျုပ်အတွက်တော့သိပ်မဆန်းဘူးဗျ..
မျိုသိပ်ထားမျှသီးခံခြင်းတွေက
မျက်ရည်ဖြစ်လာတဲ့အခါ
ကျုပ်နှလုံးသားက
ဓားတစ်လက်ထက်မြသွားတာ
သဘာဝကျရဲ့လားဗျ..
နောက်ကျောကိုအကြိမ်ကြမ…
🙏1
Signed ရင်ဘတ်ရှိုက်သံ(အင်းလေး) အင်းလေး
13 Aug 2026, 05:59 UTC23 views1 reactionsread 13 August 2026 Photo
ကိုကျေနပ်ပါတယ်
မင်းပြုံးနေ ပျော်နေမယ်
ဆိုရင်ပေါ့...
_ရင်ဘတ်ရှိုက်သံ( အင်းလေး)
👌1
Signed ရင်ဘတ်ရှိုက်သံ(အင်းလေး) အင်းလေး
13 Aug 2026, 03:57 UTC22 views1 reactionsread 13 August 2026 Forwarded from @Danyar9999
သေမင်းဟာဒုန်းစိုင်း
ပြေးလာတဲ့ခေတ်
ပျော်အောင်နေဖို့ထက်
မသေအောင်နေဖို့
ပိုအရေးပါသောအဖြစ်ပျက်ဟာ
မသိမသာနဲ့ သိသိသာသာဖြစ်တယ်
မေတ္တာတရားဟာ
ကန္တာရဆန်လာတဲ့အထိ
ခြောက်ခြားစရာတွေထင်ဟတ်လာတယ်
မဖိတ်ခေါ်တဲ့အန္တရာယ်များစွာဟာ အူယားဖားယား
အတွင်းသုံးဆယ့်ခုနှစ်မင်း
အပြင်သုံးဆယ့်ခုနှစ်မင်း
ဘယ်နတ်မင်းမှ
ကယ်တင်နိုင်ခြင်းမရှိ
ပစ္စုပ္ပန်မှာ
လောင်ကျွမ်းဆဲဘဝတွေဟာ
ကုရာနတ္ထိဆေးမရှိ
ပဲတင်ထပ်နေတဲ့
အော်ဟစ်ညည်းညူသံများ ၊
တောက်ခေါက်သံများစွာဟာ
သောကပင်…
🔥1
Signed ရင်ဘတ်ရှိုက်သံ(အင်းလေး) အင်းလေး
13 Aug 2026, 01:09 UTC27 views1 reactionsread 13 August 2026 ဘဝကဘာလည်းကွာ
အရက်တစ်ခွက်လောက်တောင်
မချိုမြိန်နေဘူး
အရာရာဟာခါးသက်သက်...
-ရင်ဘတ်ရှိုက်သံ( အင်းလေး)
🕊1
Signed ရင်ဘတ်ရှိုက်သံ(အင်းလေး) အင်းလေး
13 Aug 2026, 00:06 UTC32 views1 reactionsread 13 August 2026 မလွမ်းချင်ယုံပါခိုင်
ပန်းမြင်လျက်
ပန်ခွင့်မသာ နမ်းခွင့်မရှိ
အဝေးကြည့်ရတယ်ခိုင်။
ခူယူနမ်းမွှေး
ပန်းလေးညှိုးမှာလည်း
စိုးရွံ့ဗျာပါများလှတယ်ခိုင်။
ပင်မြင့်စံဖျားပန်းလေးကများ
မမှီမကမ်းမြေပြင်ကလှမ်းသူကို
မတူမတန်ငြင်းဆန်မှာလည်း
တွေးကြောက်တယ်ခိုင်။
ပန်းမြင်ပေမဲ့
မလွမ်းချင်လို့
လှမ်းလို့မခြူတော့ဘူးခိုင်။
#လွမ်းသူမကွေး
🏆1
Signed လွမ်းသူ (မကွေး)
12 Aug 2026, 15:47 UTC34 views1 reactionsread 13 August 2026 ၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ်
နှစ်ခါအကြည့်ချင်းဆုံ၍
၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။
ယနေ့လည်း
သူပျော်နေပုံပေါ်ပါသည်။
-အံ့လွန်းပျို
❤1
Signed A
12 Aug 2026, 01:25 UTC41 views1 reactionsread 13 August 2026 ညီမလေးသို့ 6
မေ့မရခြင်းတွေနဲ့
နိုးထလာတဲ့မနက်ခင်းတစ်ခုရဲ့
ငိုရှိုက်သံဟာမျက်ရည်စတွေနဲ့ပေ့ါ
ဟောင်းအိုနွမ်းနေတဲ့သံပတ်မဲ့
နာရီအိုကြီးရဲ့အော်သံဟာ
အတိတ်ကရာသီတစ်ခုကို
အခုထိလက်ညိုးညွန်နေသလိုဘဲ
ဖြတ်လို့မရတဲ့သံယောဇဥ်တွေဟာ
ငြိလို့မရတဲ့ဂီတာကြိုးလိုဘဲ
ရင်ဘတ်ကြီးထဲမှာ
ဒိုရေမီဖာစုံမနေခဲ့ဘူးလေ..
အကိုအရမ်းချစ်ရတဲ့
ညီမလေးရေ
ညီမလေးပြုံနေဖို့အတွက်ဆို
အကိုယ့်ရင်ဘတ်တွေ
နာကျင်ရပါစေ
အကိုယ့်မျက်နှာ
ထာဝရပြုံးထားမယ်....
…
😁1
Signed ရင်ဘတ်ရှိုက်သံ(အင်းလေး) အင်းလေး
11 Aug 2026, 15:25 UTC47 views1 reactionsread 13 August 2026 ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း
လောကအလယ်၊ ဗဟိုဝယ်၌
ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက်
သက်ရှင်ကာလ၊ ဘဝတစ်ပါး
ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ
အနိုင်အရှုံး၊ အမုန်းအချစ်
အဖြစ်အပျက်၊ အတက်အဆင်း
ထိုအချင်း၌၊ အလင်းမဲ့ကား
နောင်တများကို၊ ကြောင်းကြားပြကာ
ဤသို့သာလျှင် ပို၍တည်း။
မိမိကိုယ်ကိုယ်၊ တော်တတ်ဆို၍
မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု
မြင့်ပယ်ထားကာ၊ အမှားအမှန်
ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့်
ထိုသို့ခံယူ၊ လူများကြားတွင်
ရွံရှာသ…
👍1
Signed A
11 Aug 2026, 06:01 UTC48 views1 reactionsread 13 August 2026 ဘုံဆိုင်က ကဗျာ 3
ကိုလှသန်းရေဆိုဖွင့်ပြီလားဗျ
Beတစ်လုံးပေးဗျာ
မြင်းခြံဆေးပေ့ါလိပ်တစ်ပွဲ့နဲ့..
ကိုမြိုင်ရေလာဗျာ
စာအကြောင်းပြော
ကဗျာအကြောင်းပြောရင်း
ခေတ်အကြောင်းကို
ခေါင်းစဥ်ပြောင်းရအောင်ဗျာ..
ကိုငြိမ်းရေသောက်ဗျာ
ဆီစျေးတွေဖင်ထောက်တက်
ဒီနေ့မနက်ဆီမရခဲ့ဘူးဗျာ
တစ်လီတာလေးထောင်နား
နီးတော့ကုန်စိမ်းတွေ
မိုးရောက်တော့မယ်ဗျ
ကိုငြိမ်းရ..
ခီရေBEဘဲလား
ပြောကွာအလုပ်အကြောင်း
မှုန့်တီတော့မထောင်းနဲ့
ပဲကြီးလ…
👌1
Signed ရင်ဘတ်ရှိုက်သံ(အင်းလေး) အင်းလေး
11 Aug 2026, 03:47 UTC40 views2 reactionsread 13 August 2026 အိပ်မက်
မျော်လင့်မိတယ်
ကာရံတွေကိုကြိုးနဲ့သီဖို့
တမ်းတမိတယ် ရစ်သန်တွေကို
ဖန်အိမ်လေးထဲထည့်ပြီး
ကဗျာဆိုသော
လှေကြီးအတူစီးဖို့ပေါ့..
တိမ်တွေကိုကြိုးနဲ့သီ
ကြယ်တွေကိုပန်းချီရေးလို့
ဂျိုးဖြူငှက်တို့အသံကို
ရင်ဘတ်နဲ့ခံစားပြီး
ကဗျာတွေအတူညည်းကြမယ်ပေါ့
ဆိုပြီးအိပ်မက်အကြီးကြီး
ကျွန်တော်မက်ဖူးတယ်ဗျာ...
-ရင်ဘတ်ရှိုက်သံ( အင်းလေး)
❤1🥰1
Signed ရင်ဘတ်ရှိုက်သံ(အင်းလေး) အင်းလေး
10 Aug 2026, 16:12 UTC47 views2 reactionsread 13 August 2026 သူပြန်ချစ်ခြင်း
မချစ်ခြင်းဆိုတာဟာ
ကျွန်တော့် စားနေတဲ့
ထမင်းကြမ်းပေါ်မှာ
မူတည်ပါတယ်။
-အံ့လွန်းပျို
❤2
Signed A
10 Aug 2026, 06:43 UTC52 views1 reactionsread 13 August 2026 ဗီလိန် ၁
ပျော်စရာတွေနဲ့မထိုက်တန်ပဲ
ပြိုစရာတွေတိုက်တန်တဲ့ အကောင်
ချစ်ခြင်းတရားတွေမထိုက်တန်ပဲ
ပစ်ခြင်းတရားတွေသာတိုက်တန်တဲ့ အကောင်
ပြုံးရွှင်ရယ်မောဖွယ်ရှားပါးနေတဲ့
ဝေဒနါဖန်မီးအိမ်နဲ့ နာကျင်နေတဲ့ အကောင်
ဒဏ်ရာကိုဒိုင်းလိုကာရင်းနဲ့ပဲ
ရှိုက်ငင်မှုကိုလူသိမခံဝံ့တဲ့ အကောင်
လောင်ကျွမ်းခံ ပြာပူမကြောက်
တစ်ဖတ်သက်အချစ်နဲ့ ငရဲကလူသားလို အကောင်
မြဲမဲ့လက်တစ်စုံနဲ့ မထိုက်တန်ပဲ
ဥပေက္ခာမျက်ဝန်းနဲ့ပဲထိုက်တန်တဲ့ အကောင်
ကြွေတဲ့အသည်း မ…
❤1
Signed Khant Htal
Showing the 12 most recent of 20 posts we hold for @thuya114406. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.