28 Mar 2025, 05:19 UTC≈4,740 views33 reactionsread 13 August 2026 #စုန်းတိုက်ခံရတဲ့နေ့
သူများ ဝတ်ထားပြီးသား
မျက်နှာအဟောင်းကြီးနဲ့တော့
ဘဝမှာ လူမလုပ်ချင်ဘူး
လံကွတ်တီစော် နံတယ်။
ကဆုန်ပေါက် ပြေးနေတဲ့ အုန်းခွံရောင် တိမ်တစ်စင်းရယ်
မန်းမှုတ်ပြီး ငါပစ်ဖမ်းလိုက်တဲ့ ကြိုးကွင်းတန်းလန်းရယ်
လောကဟာ နေရတာ မလျော့မတင်းကြီးပါပဲကွယ်။
#တာရာမင်းဝေ #taraminwai #taraminwaipoems
❤33
26 Mar 2025, 04:46 UTC≈4,430 views10 reactionsread 13 August 2026 Photo
Photo, posted without a caption
❤10
26 Mar 2025, 04:46 UTC≈3,610 views22 reactionsread 13 August 2026 ❝ ခုချိန်မှတော့
လီနင်အစစ်ကိုလည်း မတွေ့ချင်တော့ပါဘူး
လင်ကွန်းအစစ်ကိုလည်း မတွေ့ချင်တော့ပါဘူး
ဗြဟ္မစိုရ်တရားကိုသာ တွေ့ချင်ပါတော့တယ်
ငယ်ငယ်တုန်းက
ရော့ခ်ဂီတနဲ့ မာရီဝါးနားကို ကြိုက်တယ်
အရွယ်ရလာတော့
အပါယ်ကျမှာ ကြောက်တယ်
တစ်ဘဝလုံး ခါချကာမှ
ကဗျာလေး တစ်ပုဒ်စ နှစ်ပုဒ်စနဲ့
ငါ့ကို ဘာကောင်လဲလို့ မမေးနဲ့
ဧည့်စာရင်းတိုင်နေရတဲ့ နိုင်ငံသားတစ်ယောက်
▪️လှသန်း▪️
❤22
26 Mar 2025, 02:05 UTC≈3,360 views14 reactionsread 13 August 2026 Photo
ပဉ္စလက်
------------
မနက်ခင်းကလည်း
ချက်နို့ဆီနဲ့ အရောတဝင်ဖြစ်လို့
အီကြာကွေးသေးသေးလေးနဲ့ စစ်ပြေငြိမ်းလို့
သတင်းစာတွေက လက်မထပ်ဘဲ အတူနေလို့ ။
နေ့ခင်းကျတော့ …
ရေလိုက်ငါးလိုက်ဝါဒကို မျက်မှန်တပ်လို့
အစာအိမ်ကို ဗြူတီဆလွန်းပို့ရ
မျှော်လင့်ချက်နဲ့ စစ်တုရင်ထိုးရနဲ့
(သူပဲ ပွဲတိုင်း ရှုံးလေ့ရှိတယ်)။
လူဆိုတာ …
စနစ်တကျ ပျက်စီးတတ်ဖို့ လိုတယ်
ညကျရင် ဂျနီဖာလိုပက်ကို
အိပ်မက်မက်ပစ်မယ်။
▪ သစ္စာနီ ( စတိုင်သစ်မဂ္ဂဇင်း၊ ၂၀၀၂။)
❤12❤🔥2
25 Mar 2025, 09:46 UTC≈2,320 views8 reactionsread 13 August 2026 သစ်စက်
--------------------
သစ်လုံးတွေ
တဂျီဂျီး အော်ငိုသံ
သူ မခံစားနိုင်။
များများခွဲ
များများ ရက်စက်မယ့်
ဝိုင်းဆရာရဲ့
သောက လွှဝိုင်းက
ရင်ထဲမှာ လည်နေပြီ။
တို့ အသွေးအသား
လွှစာ သက်သေတွေက
တောင်ပုံရာပုံ။
မိုးကျော်အောင်
---------------
နွားကျောင်းသား
……………………….
တမျှော်တခေါ်ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ်နေ့တနေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံပြန်မကြားရဘူး။
သီချင်းမသီဖြစ်ပါ
အရွက်မဲ့သစ်ပင်အောက်မှာ။
အိပ်မက်တွေလွှတ်ကျောင်…
❤4🔥4
24 Mar 2025, 13:22 UTC≈1,660 views3 reactionsread 13 August 2026 ခေတ်ပျက်ထဲက ဝမ်းနည်းစရာ ငါတို့ခေါင်းပြတ်တွေ
နောက်ပိုင်းမှာ ခေါင်းပြတ်တွေဟာ ကိုယ်လုံးတီးပုံတွေထက် ခေတ်စားလာတယ်။ ဒါဟာ လိင်စိတ်ကုန်သွားလို့ မဟုတ်ဘဲ တစ်ဖက်မှာ ရီစရာအဖြစ် ခေတ္တအာရုံလွှဲထားခြင်းသာ ဖြစ်တယ်။ ခေါင်းပြတ်တွေက ရီစရာကြီးဗျ၊ ကျနော်တယောက်ပဲ မရီတယ် လို့ လူတိုင်းနီးပါး ပြောနေကြတာ ခင်ဗျားလည်း သိမှာပဲ။ တကယ်တမ်းတွေးကြည့်လိုက်ရင် မရီရတာလည်း ခင်ဗျားအသိပဲ။
သူတို့အဆိုအရ ငါတို့အားလုံး ခေါင်းပြတ်တွေချည်းဆိုရင် ဒီကမ္ဘာမှာ မျက…
❤3
24 Mar 2025, 13:22 UTC≈1,960 views6 reactionsread 13 August 2026 #ပူဖောင်းကွဲသူ
ဟိုတုန်းကတော့ပူဖေါင်းလေးတွေလို ဖြူမွေ့ပါးလျား
အဲဒီ နွေရာသီလေးကို ဘယ်သူမှခိုးမစားခဲ့ကြဘူး။
မြို့ကလေးရဲ့ရင်ဘတ်ကို ကြယ်သီးဖွင့်ပြီးကြည့်လိုက်ရင်
တိမ်တွေကိုဘယ်တော့မှ တွန်းမလှဲတတ်တဲ့ကောင်းကင်
မြင်ရတယ်။
နောက်တော့လည်း
ကျွန်တော်တို့ကျွတ်ကျွတ်ရွရွဝေးကွာသွား
ဘဝသံသရာဟာ သီချင်းထဲကလို
ရထားကြီးမဟုတ်တော့ဘူး
အကိုင်းချင်းမတူပေမယ့် ဒီအတိုင်းပွင့်ကြလိမ့်လို့
ကျွန်တော်ထင်မှတ်မှားခဲ့။
မြို့ကလေးကိုသတိရမိတဲ့တစ်နေ့မှာ
ကို…
❤6
24 Mar 2025, 03:02 UTC≈1,530 views16 reactionsread 13 August 2026 မေ့ဆေး
----------------
အောင်ခိုင်မြတ်
ကိုယ့်လက်ကိုယ် ပြန်ရှနိုင်တဲ့ဓားကို
ဘာလို့ မြနေအောင် သွေးခဲ့တာလဲ
စွန့်လွှတ်တတ်တာ တစ်ခုတည်းနဲ့တော့
ဘယ်သူမှ သူ့ကိုယ်သူ မကယ်တင်နိုင်ဘူး
မြစ်ဆီ ငါက
ငါးရဖို့လာတာ မဟုတ်ဘူး
ရေချိုးပြန်ဖို့လာတာ မဟုတ်ဘူး
လွမ်းလို့လာတာပါ
တစ်ယောက်က တစ်သက်လုံး သတိရတယ်
တစ်ယောက်က တစ်ခေါက်မှ သတိမရဘူး
တစ်ယောက်က အိပ်မက်လှလှမက်ပါစေလို့
ဆုတောင်းတယ်
တစ်ယောက်က ခေါင်းပြားပြားအိပ်ရပါစေလို့
ဆုတောင်းတယ်
နှစ်ယောက်စလ…
❤11❤🔥4👍1
24 Mar 2025, 03:02 UTC≈1,330 views5 reactionsread 13 August 2026 တတိယပတ်မတ်
ငါ့ချစ်သူဟာ စစ်ထွက်ရဲဘော်လို
အိတ်ကိုအပီအပြင်လွယ်ထားလို့
မှောင်နေတဲ့ငါ့ညတွေနဲ့ ခဲပျစ်နေတဲ့သူ့မျက်ရည်တွေ
ရယ်သံလွင်လွင်ဆမ်းထားတဲ့ ငါ့စကားတွေ
အဲဒီအိတ်ထဲနင့်လို့ပေါ့။
မနက်က ရေခဲသည်တစ်ယောက်
ရေခဲတုံးကိုလွှနဲ့ဖြတ်နေတာတွေ့ခဲ့တယ်
တစ်စုံတစ်ယောက်ရဲ့ အအေးခွက်ထဲကို
အဲဒီရေခဲခွဲစိတ်တွေ ပြန့်ကျဲရောက်ရှိသွားပုံမျိုးနဲ့
ဒီလောကထဲ ကိုယ်တို့ရောက်ခဲ့ကြသလားလို့ တွေးမိရဲ့။
တစ်ရာမက ကြယ်တွေလှကြောင်း ပြောခဲ့ကြပြီး
တစ်ယောက်တစ်လေမှ …
❤🔥3❤2
24 Mar 2025, 03:01 UTC≈1,260 views2 reactionsread 13 August 2026 မြှားသူ
မြှားသူဟာ ရေချိုးဇလုံတစ်ခုရဲ့ အပေါက်ဝကို မြှားတံနဲ့ ချိန်ရွယ်ထားတယ်။ငါးမြှားတံနဲ့ ငါးမြှားချိတ်ရယ်ကို ရေဆင်းပေါက်လေးထဲထည့်လိုက်ပြီး မြှားသူဟာ ရေချိုးဇလုံဘောင်ပေါ် ထိုင်နေတယ်။သူ့လိုမြှားသူတွေ ကမ္ဘာ
နဲ့အဝန်းမှာ ရှိကြပါတယ်။ ပင်လယ်ကမ်းစပ်မှာ မြှားသူတွေ မြစ်ချောင်းအင်းအိုင်တွေမှာ မြှားသူတွေပေါ့။
ဦးလေးဖြစ်သူက "မင်းဒီလိုမြှားရင် ငါးတွေမရနိုင်ဘူး"တဲ့ ။" မင်းဟာ အဓိပ္ပါယ်မရှိတဲ့အရာကို လုပ်နေတာသာဖြစ်
ပြီး ဘယ်တော့မှ …
❤2
24 Mar 2025, 03:01 UTC≈1,080 views9 reactionsread 13 August 2026 "ခေတ်ကြီးကောင်းရင် ပြန်ဆုံကြဦးစို့လို့ပြောပြီး မကောင်းတဲ့ခေတ်ကြီးလည်းပြီးရော ကျနော်တို့မှာ ဆုံစရာလူက တစ်ယောက်မှ မရှိတော့ပါဘူး။" - ကွိုင်
😢7❤🔥2
24 Mar 2025, 03:00 UTC≈1,110 views7 reactionsread 13 August 2026 အစကတည်းက ကြောက်ရွံ့တတ်သူမို့
ပြတင်းကို တစ်ဝက်ပဲ ဖွင့်ထားခဲ့မိပေမယ့်
ဖန်ခွက်လို ကွဲတယ် ထိုင်ခုံလို ကျိုးတယ်
စားပွဲလို ရွဲ့စောင်းတယ်
မင်း ရောက်မလာလည်း မင်းမှာ ရောက်လာခွင့်
ရှိပါတယ်
မင်း ရောက်မလာသေးလည်း
မင်းမှာ အရောက်လာခွင့် ရှိပါသေးတယ်
- ကိုသျှား (မျှော်ငေး ၁၈)
❤🔥5❤2
Showing the 12 most recent of 20 posts we hold for @poem2023. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.