6 Aug 2026, 03:49 UTC≈1,270 views2 reactionsread 7 August 2026 Photo
HIV ပိုးကူးစက်ခံရတဲ့အခါ လုပ်ဆောင်ရမည့် အချက်(၄) ချက်
HIV ပိုးရှိကြောင်း သိရချိန်မှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်တာ သဘာဝပါပဲ။ ဒါပေမဲ့ ဒီနေ့ခေတ်မီဆေးဝါးတွေနဲ့ ထိန်းချုပ်ကုသနိုင်နေပြီဖြစ်လို့ စိတ်အေးအေးထားပြီး အောက်ပါအချက်တွေကို လုပ်ဆောင်ပါ ။
၁။ ART ဆေးကို အမြန်ဆုံး စတင်ပါ
. နီးစပ်ရာ အေအာတီဆေးပေးဌာနများသို့ သွားရောက်ပြီး ART ကုသမှုကို စတင်ပါ။
. စောစောစတင်လေ ခန္ဓာကိုယ်ရဲ့ ခုခံအားကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်လေ ဖြစ်…
❤1👌1
4 Aug 2026, 02:35 UTC204 views3 reactionsread 7 August 2026 Photo
PrEP နဲ့ပတ်သက်ပြီး မှားယွင်းနားလည်နေတဲ့ အချက် (၅) ချက်
PrEP (Pre-Exposure Prophylaxis) က HIV ကူးစက်မှုကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဆေးဖြစ်ပါတယ်။ ဒါပေမယ့် PrEP အကြောင်း မှားယွင်းနားလည်ထားတဲ့ အယူအဆတွေကြောင့် PrEP ကို အသုံးမပြုရဲတာ၊ သောက်သုံးနည်း မှားယွင်းတာတွေ ဖြစ်တတ်ပါတယ်။
ဘယ်အချက်တွေက မှားယွင်းနေလဲဆိုတာ ပုံမှာ အတူတူ လေ့လာကြည့်လိုက်ကြရအောင်နော်....
လမ်းပြကြယ်ဆေးခန်းမှာ PrEP (HIV ကြိုတင်ကာကွယ်ဆေး) အခမဲ့ရယူချင်တယ်ဆိုရင်…
❤2👌1
3 Aug 2026, 05:10 UTC236 views1 reactionsread 7 August 2026 Photo
လမ်းပြကြယ်ဆေးခန်းမှာ HIV နဲ့ ကာလသားရောဂါကို အခမဲ့ စစ်ဆေးနိုင်မယ့် နည်းလမ်းအဆင့်ဆင့်
လမ်းပြကြယ်ဆေးခန်းတွေမှာ HIV နဲ့ ကာလသားရောဂါကို အခမဲ့ စစ်ဆေးကုသနိုင်ပါတယ်။ ဆေးခန်းမှာ လာရောက်စစ်ဆေးလိုသူတွေအနေနဲ့ အောက်ပါ အဆင့် (၄) ဆင့်အတိုင်း လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ပါတယ်။
(၁) ရက်ချိန်းယူခြင်း - ဝန်ဆောင်မှုရယူလိုသည့် ရက်အတွက် Booking Link မှတစ်ဆင့် ရက်ချိန်းရယူနိုင်ပါတယ်။
(၂) နှစ်သိမ့်ဆွေးနွေးတိုင်ပင်ခြင်း - ဆေးခန်းရောက်လို့…
👏1
31 Jul 2026, 02:57 UTC376 views1 reactionsread 7 August 2026 Photo
CD4 ကောင်းရင် Viral Load လည်း နည်းနေပြီလား?
အဖြေကတော့ — မဟုတ်ပါဘူး။
လူတော်တော်များများက ကိုယ်ခံအား (CD4)များနေရင် HIV ကို ကောင်းကောင်းထိန်းထားနိုင်ပြီး ပိုးကောင်ရေ (Viral Load) လည်းကောင်းပြီလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ခံအား(cd4) နဲ့ ပိုးကောင်ရေ(Viral Load) က မတူတဲ့ အရာနှစ်ခု ဖြစ်ပါတယ်။
Viral Load က ကိုယ်ထဲမှာ HIV ပိုး ဘယ်လောက်ရှိနေလဲဆိုတာကို ပြသပေးပါတယ်။
CD4 ကတော့ ကိုယ်ခံအားဆဲလ် (Immune Cells) ဘယ်လောက်ကျန်ရှိပြ…
🤔1
28 Jul 2026, 02:50 UTC≈3,130 views4 reactionsread 7 August 2026 Photo
လမ်းပြကြယ်မှာ HIV နဲ့ ကာလသားရောဂါ အခမဲ့စစ်ဆေးဖို့ ဘာတွေလိုမလဲ
"HIV/ကာလသား စစ်ဆေးချင်တယ်။ ဘာတွေလိုလဲ။ ပိုက်ဆံဘယ်လောက်ကုန်ကျမှာလဲ" ဆိုပြီး မကြာခဏ လာမေးလေ့ရှိကြပါတယ်နော်။
တကယ်တော့ ဘာမှအများကြီး ပြင်ဆင်စရာမလိုသလို၊ တစ်ပြားတစ်ချပ်မှလည်း ပေးစရာမလိုပါဘူး။ အခမဲ့ စစ်ဆေးနိုင်ဖို့အတွက် ဒါလေးတွေပဲ လိုအပ်ပါတယ်
(၁) အောက်ကပေးထားတဲ့ Booking Link ကနေ မိမိအဆင်ပြေမယ့်နေ့ရက်ကို အရင်ဆုံး ဘိုကင်တင်ပါ။
(၂) ဘိုကင်တင်ပြီးရင်တော့ သတ်မှတ်ထ…
❤2👌1👍1
27 Jul 2026, 03:51 UTC441 views1 reactionsread 7 August 2026 Photo
HIV Phobia (အိတ်ချ်အိုင်ဗွီ ကြောက်စိတ်လွန်ရောဂါ) ခံစားနေရပြီလား?💭
HIV Phobia ဆိုတာ ကိုယ့်မှာ HIV ရှိနေပြီ ဒါမှမဟုတ် ရောဂါကူးစက်ခံရတော့မယ်လို့ အကြောင်းအရင်းမရှိဘဲ အလွန်အမင်း စိုးရိမ်ပူပန်နေတဲ့ စိတ်အခြေအနေ ဖြစ်ပါတယ်။
ဓာတ်ခွဲခန်းအဖြေမှာ HIV မရှိကြောင်း (Negative) အကြိမ်ကြိမ် အတည်ပြုပြီးသားဖြစ်ပေမယ့် အဖြေကို မယုံကြည်နိုင်ဘဲ သွေးထပ်စစ်ချင်နေခြင်းက ဒီအခြေအနေရဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခုပါ။
အသေးစိတ်ကိုအောက်ပါ Link ကနေ ဝင်ရော…
😱1
23 Jul 2026, 03:23 UTC492 views2 reactionsread 7 August 2026 Photo
📌 ရာသီသွေး ရက်ကျော်ရင် ဘာတွေဖြစ်နိုင်လဲ? 🤔🩸
မိန်းကလေးတော်တော်များများ ရာသီရက်ကျော်ရင် ကိုယ်ဝန်ရှိတာ တစ်ခုတည်းကြောင့် လို ထင်တတ်ကြပါတယ်။ တကယ်တော့ အခြား အကြောင်းရင်းတွေလည်း အများကြီး ရှိနိုင်ပါတယ်နော်။ အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်https://www.facebook.com/photo/?fbid=1444539901036379&set=a.478883447602034
👍1🤔1
21 Jul 2026, 02:23 UTC≈2,480 views1 reactionsread 7 August 2026 Photo
🩺 HIV နှင့် STIs ကာကွယ်ဖို့ သိထားသင့်သည့် အချက် (၅) ချက်
HIV နဲ့ STIs ရောဂါတွေက အဓိကအားဖြင့် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။
HIV နဲ့ STIs ရောဂါတွေကို ကာကွယ်ဖို့အတွက် ဆိုရင်အောက်ပါ အချက်တွေကို သိထားဖို့လိုအပ်ပါတယ် ။
1️⃣ ကွန်ဒုံးကို အမြဲမှန်ကန်စွာ အသုံးပြုပါ
HIV နှင့် လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများ (STIs) ကို ကာကွယ်နိုင်ဖို့ ကွန်ဒုံးကို လိင်ဆက်ဆံတိုင်း စနစ်တကျ အသုံးပြုပါ။
2️⃣ HIV နှင့် STI စစ်ဆ…
👌1
17 Jul 2026, 03:05 UTC≈2,810 views1 reactionsread 7 August 2026 Photo
ဆစ်ဖလစ် ကူးစက်ခံရရင် အတူတူ စစ်ဆေး၊ကုသဖို့လိုပါတယ်
ဆစ်ဖလစ်ရောဂါ ကူးစက်ခံရတဲ့အခါ ကိုယ်တစ်ယောက်တည်း ကုသရုံနဲ့ မလုံလောက်ပါဘူး။ ပြန်လည်ကူးစက်မှုကို ကာကွယ်ပြီး ကုသမှုအောင်မြင်စေဖို့ ကိုယ့်ရဲ့ ပါတနာကိုလည်း တစ်ပြိုင်တည်း စစ်ဆေးကုသဖို့ အရေးကြီးပါတယ်။
ဘာကြောင့် အရေးကြီးတာလဲ?
🔄 ပြန်လည်ကူးစက်နိုင်လို့
တစ်ယောက်တည်းသာ ကုသမှုခံယူထားပြီး လက်တွဲဖော်မှာ ပိုးရှိနေသေးရင် ပြန်လည်ကူးစက်နိုင်ပါတယ်။
🕵️ လက္ခဏာမပြဘဲ ပိုးရှိနေနိုင်လို့
ဆစ်…
💯1
16 Jul 2026, 02:40 UTC508 views3 reactionsread 7 August 2026 Photo
💗 HIV အယူအဆအမှားများ အမျိုးသမီးတို့သတိပြုဖို့
“သူက သန့်သန့်ပြန့်ပြန့်လေးပဲ ၊ စိတ်ချရပါတယ်” ဆိုပြီး အပြင်ပန်းသွင်ပြင်ကိုကြည့်ပြီး စိတ်ချမိနေလား? HIV က အပြင်ပန်းကို ကြည့်ရုံနဲ့ မသိနိုင်ပါဘူး ဒါကြောင့် အမြဲသတိရှိဖို့လိုအပ်ပါတယ် ။
HIV နဲ့ပတ်သတ်ပြီး ပျိုမေတို့ သတိမထားမိဘဲ မှားယွင်းစွာ ထင်မှတ်တတ်ကြတဲ့ အချက် (၃) ချက်ကို မျှဝေးပေးလိုက်ပါတယ် ။
❌ တစ်ကြိမ်တည်း ဆက်ဆံရုံနဲ့ HIV မကူးစက်နိုင်ဘူး ထင်ခြင်း
အကာကွယ်မဲ့ ဆက်ဆံမယ်ဆိုရ…
❤2💯1
14 Jul 2026, 02:32 UTC≈2,890 views1 reactionsread 7 August 2026 Photo
ART ဆေးယဉ်ပါးခြင်း
ART ဆေးကို နေ့တိုင်း အချိန်မှန်သောက်နေတဲ့အခါ သွေးတွင်းမှာ ဆေးပမာဏ အပြည့်ရှိနေလို့ HIV ပိုးတွေကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ပါတယ်။
ဒါပေမဲ့...
ဆေးသောက်ဖို့ ခဏခဏ မေ့တာ
ရက်ချိန်းအတိုင်း ဆေးမယူဘဲ ဆေးပြတ်သွားတာ
စတာတွေ ဖြစ်လာတဲ့အခါ သွေးတွင်းက ဆေးအရှိန်ဟာ တဖြည်းဖြည်း ကျဆင်းသွားပါတယ်။ ဒီလို ဆေးအရှိန်လျော့သွားတဲ့ အခွင့်အရေးကို ယူပြီး HIV ပိုးက လက်ရှိဆေးဒဏ်ကို ခံနိုင်ရည်ရှိအောင် သူ့ရဲ့ဗီဇပုံစံကို ပြော…
😱1
13 Jul 2026, 03:20 UTC489 views4 reactionsread 7 August 2026 Photo
သူငယ်ချင်းတစ်ယောက်က သူ့မှာ HIV ပိုးရှိနေတဲ့အကြောင်း စပြောပြလာတဲ့အခါ အသင့်တော်ဆုံးတုံ့ပြန်မှုက ဘာဖြစ်သင့်သလဲ
မိမိရဲ့ တုံ့ပြန်မှုတစ်ခုဟာ သူ့ဘဝအတွက် ခွန်အားဖြစ်စေနိုင်သလို၊ ပိုပြီးတော့လည်း အားငယ်သွားစေနိုင်တယ်ဆိုတာသတိထားရပါမယ်။
Booking Link
https://forms.cloud.microsoft/r/6RUyZZMnTs
ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428
#quiz #HIVAwareness #EndHIVStigmaလမ်…
❤2👍1🤔1
Showing the 12 most recent of 20 posts we hold for @lanpyakyel. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.