24 Sept 2026, 14:35 UTC43 views1 reactionsread 25 September 2026 အဖြေမှန်ကတော့ C. Juan Sebastián Elcano ဖြစ်ပါတယ်။
သမိုင်းစာအုပ်တွေထဲက ဖာဒီနန် မက်ဂျယ်လန်(Ferdinand Magellan) ကို လူအများက သိကြပေမဲ့ တကယ်တော့ သူဟာ ပထမဦးဆုံး ကမ္ဘာပတ်ခရီးစဉ်မှာ အဆုံးထိ မလိုက်ပါ နိုင်ခဲ့ပါဘူး။ မက်ဂျယ်လန်ဟာ ပေါ်တူဂီလူမျိုး ရေကြောင်းလမ်း စူးစမ်းရှာဖွေသူ တစ်ဦးဖြစ်ပြီး အာရှတိုက်ရဲ့ ဟင်းခတ်အမွှေးအကြိုင်ကျွန်း (Spice Islands) တွေ ဆီကို အနောက်ဘက်ကနေ တစ်ဆင့် သွားရောက်နိုင်မဲ့ လမ်းကြောင်းသစ်တွေကို ရှာဖွေဖို့အ…
❤1
24 Sept 2026, 14:35 UTC44 viewsread 25 September 2026 Photo
Photo, posted without a caption
24 Sept 2026, 08:23 UTC62 views2 reactionsread 25 September 2026 ပထမဦးဆုံး ကမ္ဘာပတ်ခရီးစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ စပိန်လူမျိုး ရေကြောင်းလမ်းရှာဖွေသူက ဘယ်သူလဲ . . .?
A) ဖာဒီနန် မက်ဂျယ်လန် (Ferdinand Magellan)
B) ခရစ်စတိုဖာ ကိုလံဘတ်(စ်) (Christopher Columbus)
C) ဟွမ် ဆာဘတ်(စ်)တျန် အဲလ်ကာနို (Juan Sebastián Elcano)
D) ဗက်(စ်)ကို ဒါ ဂါးမား (Vasco da Gama)
ပုံမှာရှိတဲ့ အဖြေ ၄ ခုထဲက တစ်ခုကို ရွေးပြီး ကောမန့် မန့်ခဲ့ရုံပါ။ ည ၉ နာရီမှာ အဖြေမှန်ကို တင်ပေးသွားပါမယ်။
#FactHub …
❤2
24 Sept 2026, 08:23 UTC58 viewsread 25 September 2026 Photo
Photo, posted without a caption
22 Sept 2026, 12:30 UTC63 viewsread 25 September 2026 ခြင်တွေက ပုံမှန်လူတွေနဲ့ ယှဉ်ရင် ကိုယ်ဝန်ဆောင်မိခင်တွေကို ပိုကိုက်လေ့ရှိပါတယ်။ အကြောင်းက ကိုယ်ဝန်ဆောင်မိခင်တွေဟာ ယေဘုယျအားဖြင့် ဇီဝကမ္မဖြစ်ပျက်နှုန်း မြင့်လို့ပါပဲ။ ဇီဝကမ္မဖြစ်ပျက်မှု များများဖြစ်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပုံမှန်ထက် ပမာဏပိုပြီး ရှူထုတ်သလို အပူစွမ်းအင်ကလဲ များများထွက်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေက ပုံမှန်လူတွေထက် ခြင်အကိုက်ခံရဖို့ ရာခိုင်နှုန်းပိုများသွားတာပေါ့။ ဒါ့အပြင် လေ့လာမှုတွေအရ အယ်ကိုဟ…
22 Sept 2026, 12:30 UTC62 views0 reactionsread 25 September 2026 သင်က အခြားသူတွေထက် ဘာကြောင့် ခြင်ပိုအကိုက်ခံရတာလဲ . . . ?
―――――――
သူငယ်ချင်းတစ်ယောက်နဲ့ မျက်နှာချင်းဆိုင် ထိုင်ပြီး စကားပြောနေရင်း၊ မိသားစုလိုက် ဝိုင်းဖွဲ့ထိုင်နေရင်း ကိုယ့်တစ်ယောက်တည်း ခြင်အကိုက်ခံရတဲ့အဖြစ်မျိုး ကြုံဖူးပါသလား . . . ? နောက်ပြီး အဲဒီလို အကိုက်ခံနေရကြောင်း ဘေးနားက လူတွေကို ပြောပြတဲ့အခါ “သွေးချိုလို့ ဖြစ်မယ်၊ ရေမချိုးလို့ ဖြစ်မှာပေါ့” ဆိုတာမျိုး ပြောခံရဖူးပါသလား . . . ? ကိုယ်က ခြင်တွေကို ဆွဲဆောင်နိုင်…
22 Sept 2026, 12:30 UTC59 viewsread 25 September 2026 Photo
Photo, posted without a caption
22 Sept 2026, 12:30 UTC84 views2 reactionsread 25 September 2026 (ဖြည့်စွက်ချက်။ ။ ကိုယ့်ကိုယ်ကိုယ် အခြားသူတွေထက် ခြင်အကိုက်ခံရတာ ပိုများနေတယ်လို့ သတိထားမိရင် (ဒါမှမဟုတ်) ခြင်ပေါတဲ့ ဒေသမှာ နေထိုင်တယ်ဆိုရင် ခြင်အကိုက်မခံရအောင် ကာကွယ်ပေးမဲ့ ဖြန်းဆေး/လိမ်းဆေးတွေကို ဆောင်ထားသင့်ပါတယ်။ နောက်ပြီး အိပ်တဲ့အခါ ခြင်ထောင်နဲ့ အိပ်တာကလဲ ကာကွယ်နည်းတစ်မျိုးပါပဲ။ အထူးသဖြင့် ခြင်ပေါက်ဖွားနှုန်း မြင့်တဲ့ မိုးတွင်းကာလတွေမှာ ပိုပြီး သတိထားသင့်ပါတယ်။ ဒါမှ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးတို့လို ခြင်ကတစ်ဆင…
❤1❤🔥1
20 Sept 2026, 12:27 UTC102 views2 reactionsread 25 September 2026 ၂၀၂၆ ခုနှစ် ဇူလိုင်ရဲ့ တစ်လတာ အကောင်းဆုံး စာမူ (Content of the Month) အဖြစ် ဇွဲသုခမင်းရေးတဲ့ “သက်ရှိအဖြစ်ထွန်းနိုင်ဆုံး ကမ္ဘာဆင်တူဂြိုဟ်တစ်လုံးကို ပထမဆုံး အတည်ပြုနိုင်ခဲ့” စာမူကို ရွေးချယ်
လစဉ်လတိုင်း Facthub က ထုတ်ဝေတဲ့ ဆောင်းပါးတွေထဲ အရည်အသွေးမြင့်ပြီး ထူးခြားပြောင်မြောက်တဲ့ စာမူတစ်ပုဒ်စီကို ‘Content of the Month’ ခေါင်းစဉ်တပ် ရွေးချယ်ကြတာမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွက်တော့ ဇွဲသုခမင်းရေးတဲ့ “သက်ရှိအဖြစ်ထွန်းနိုင်ဆုံး…
❤2
20 Sept 2026, 12:27 UTC90 viewsread 25 September 2026 Photo
Photo, posted without a caption
6 Sept 2026, 13:08 UTC109 views2 reactionsread 25 September 2026 မြန်မာအသွင်ပြောင်းအစိုးရရဲ့ လက်ရှိဗျူဟာက ရုရှားအစိုးရရဲ့ အကူအညီကို အဓိကယူပြီး ပူးပေါင်းအစီအစဉ်တွေ တွဲဖက်ဆောင်ရွက်ဖို့ပါ။ ၂၀၂၆ ခုနှစ်အစောပိုင်း၊ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးတွေအရ မြန်မာဘက်က ပညာရှင်တွေကို ရုရှားတက္ကသိုလ်တွေဆီ ပညာတော်သင်စေလွှတ်ပြီး နာနိုဂြိုဟ်တုဒီဇိုင်းနဲ့ ကမ္ဘာ့ဂြိုဟ်တုလမ်းညွှန်နည်းပညာစနစ်တွေ သင်ယူစေမှာပါ။ ရုရှားက လက်ရှိပိုင်ဆိုင်ထားတဲ့ အာကာသနည်းပညာနဲ့ လုပ်နိုင်စွမ်းအရ မြန်မာန…
❤2
6 Sept 2026, 13:08 UTC91 views2 reactionsread 25 September 2026 မြန်မာ့အာကာသစီမံကိန်း ဘယ်လောက် အလားအလာ ရှိသလဲ
_______________
ပြီးခဲ့တဲ့ ၂၀၂၆ ဇူလိုင်မှာ မြန်မာအသွင်ပြောင်းအစိုးရခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်မှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုထဲ ဂြိုဟ်တုမော်ဒယ်ငယ်တစ်ခုကို စမ်းသပ်ကြည့်ရှု၊ မြေပြင်ထိန်းချုပ်ရေးစင်တာ ဖွင့်လှစ်ပြီး အာကာသယာဉ်မှူးအဖြစ် ကနဦး ရွေးချယ်ခံထားရ ဆိုသူတွေနဲ့ တွေ့ခဲ့ပါတယ်။ နောက်တော့ ဒါက “နှစ်ရှည်လများ ရှိနေခဲ့တဲ့ နိုင်ငံတော်အိပ်မက်” ဖြစ်တယ် လို့ ဆိုပါတယ်။ ထပ်ပြ…
❤2
Showing the 12 most recent of 20 posts we hold for @facthub_mm. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.