1 Apr 2025, 08:17 UTC≈1,840 views6 reactionsread 24 August 2026 သူပုံစံက သာမန် လူထဲကလူပုံစံပါပဲ။ ခန့်ခန့်ညားညားလည်းမနေဘူး။ လူဆိုးဗိုလ်ပုံလည်းမပေါက်ဘူး။ လူဆိုးဗိုလ်ဂိုက်လည်းမဖမ်းဘူး။ အဲတော့ အဲဒီရုပ်ရှင်ကားက စိတ်ထဲစွဲငြိသွားတော့တာပေါ့ဗျာ။ သွက်လက်တဲ့မြီးကောင်ပေါက်မလေးနဲ့ အေးဆေးတဲ့ လူတစ်ယောက်ကို သဘာဝကျကျ ပေါင်းစပ်ပြထားတော့ လေပြည်လေးတွေကြား ယိမ်းနွဲ့နေတဲ့ မီးတောက်ကို ကြည့်ရသလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ပီပြင်တဲ့ ဇာတ်ကောင်စရိုက်တစ်ခုစီက ဆန့်ကျင်ဘက်လားရာကို အမှီသဟဲပြု ပေးနေကြတယ်လေ။ ဇာတ်…
❤6
17 Mar 2025, 02:04 UTC≈1,580 viewsread 24 August 2026 ၄၅ နှစ် (၂၀၁၅)
IMDB - 7.5/10
Genre - Drama, Romance
And-rew Hai-gh ရဲ့ပုံစံအတိုင်း လူနှစ်ယောက်ရဲ့ relationship ကို အဖြစ်အပျက်နည်းနည်း၊ အချိန်ကာလတိုတိုကို ပြပြီး အဲဒီကာလတိုတိုမှာ ဟိုးအဆက်ဆက်ကတည်းက သူတို့ရဲ့ခံစားချက်တွေရဲ့ သက်ရောက်မှုကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်ကောင်က အိမ်ထောင်သက် ၄၅ နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပတော့မယ့် ၇၀ နား၊ ၇၀ ကျော်က စုံတွဲတစ်တွဲပဲ။ ပြောရရင် အငြိမ်းစားယူပြီးသား အဘိုးကြီး၊ အဘွားကြီး နှစ်ယ…
9 Jan 2025, 16:06 UTC≈1,580 views3 reactionsread 24 August 2026 မအိပ်ခင်လေး တောင်းထားတာတင်ပေးလိုက်ပါတယ် 👍
A Ri-ver Ru-ns Thro-ugh It (1992)
IMdb - 7.2/10
Genre - Family, Drama
နော်မန်မက်ကလင်းဆိုတဲ့ လူတစ်ယောက်ဟာ ငါးမျှားတံကိုင်ပြီး ရပ်နေခဲ့တယ်ရေစီးထဲကိုကြိုးကိုပစ်ထည့်ရင်း ရစ်သမ်တစ်ခုအတိုင်းလက်လှုပ် ရှားနေပေမယ့် သူ့စိတ်တွေက ဒီငါးမျှားတံမှာမရှိတော့ဘူး။သူရပ်နေတဲ့မြစ်ကမ်းပါးကို ပတ်လည်ဝိုင်းထားတဲ့ တောင်တွေကြားက အလင်းရောင်ဟာတဖြည်းဖြည်း မှိန်ပြလာတယ်။ဖြူဖွေးပါးလျနေတဲ့ ဆံပင်တွေဟာ သူဖ…
❤2👍1
30 Dec 2024, 02:55 UTC≈1,360 views1 reactionsread 24 August 2026 The Lo-rd of the Rin-gs: The War of the Rohi-rrim (2024)
ကမ္ဘာကျော် The Lo-rd of the Rin-gs ဇာတ်လမ်းတွေထဲက တစ်ခုကိုထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီးမဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two To-wers ထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm’s Deep ရဲတိုက်ကြီးရဲ့ သမိုင်းကို အခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းကဇာတ်လမ်းပါပဲ။ ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် The …
❤1
2 Dec 2024, 01:06 UTC≈1,180 viewsread 24 August 2026 နာမည်ကျော်မင်းသားကြီး T-o-m Ha-nks ပါဝင်ရိုက်ကူးထားတာမို့လို့ ရုပ်ရှင်ကောင်းတစ်ကား
He-re (2024)
IMDB - 6.2/10
Genre - Fantasy, Drama
He-re ဆိုတဲ့ရုပ်ရှင်ကတော့ “ဒီနေရာ” ဆိုတဲ့အဓိပ္ပာယ်အတိုင်းပဲကင်မရာက နေရာတစ်နေရာတည်းကို Fo-cus ထားပြီး ကမ္ဘာဦးအစကနေ လက်ရှိခေတ်ရောက်တဲ့အချိန်ထိ အဲဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့သမျှကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစကနေ တောက်လျှောက် ကင်မရာက အိမ်တစ်အိမ်ရဲ့ဧည့်ခန်း တစ်နေရာတည်…
2 Dec 2024, 01:03 UTC≈1,010 viewsread 24 August 2026 Ama-zon Bull-seye (2024)
ဒီဝတ္ထုကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယမ် အယ်လာဗ်ကျွန်း ကို ပထမအကြိမ်ပြည်နှင်ဒဏ်ပေးခံရချိန် ၁၈၁၅ ဝန်းကျင်မှာဇာတ် အိမ်တည်ထားပါတယ်။ နပိုလိုယမ် ကျွန်းကထွက်ပြေးလာချိန်မှာ အပ်ဒ်မွန်ဒန်းတစ်စ်ဆိုတဲ့ လူငယ်လေးက ဆုံးခါနီးသူ့ကပ္ပတိန်ရဲ့ စေခိုင်းမှုအရ နပိုလီယမ်နဲ့ အတူပြည်နှင်ခံရတဲ့ ဗိုလ်ချုပ်ကြီးဘာထရန်ဆီ အထုပ်တစ်ခု ပို့ဆောင်ပေးလိုက်ပါတယ်။ သူတို့မာဆေးကိုပြန်ရောက်တော့ ဒန်ဂလာစ်က သင်္ဘောပိုင်ရှင်ကို ဒန်တစ်စ…
4 Nov 2024, 03:46 UTC≈1,090 views0 reactionsread 24 August 2026 “ချမ်းသာတဲ့သူတွေကျတော့ စစ်ပွဲနဲ့ရှောင်နေတယ်။ ဆင်းရဲတဲ့လူတွေကျတော့ တိုက်ပွဲထဲမှာ ရုန်းနေရတယ်”
Plat-oon (1986)
IMDb - 8.1/10
Genre - War, Drama
” ငါတို့တွေဟာ တိုက်လာတဲ့ စစ်ပွဲတိုင်း
နိုင်ခဲ့ကြတာချည်းပဲလေ။ ဒီတစ်ပွဲတော့ရှုံးသင့်ပါတယ် “
Sergeant Elias ကနေ ညတစ်ညမှာ တပ်သားလေး Chris ကိုပြောခဲ့တဲ့စကား။
Platoon ဟာ Oliver Stone ရဲ့အအောင်မြင်ဆုံးဇာတ်ကားကြီးတွေထဲကတစ်ခုပေါ့။ သူ့အတွေ့အကြုံ သူ့ခံစားချက်တွေကို ချပြခဲ့တယ်။ Vietna…
30 Oct 2024, 11:07 UTC873 views2 reactionsread 24 August 2026 Let-ter Fr-om Iwo Ji-ma (2006)
IMDB - 7.8/10
Genre - War, Drama
အိုင်ဝိုဂျီးမားကျွန်းမှပေးစာများ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဂျပန်စစ်သည်တွေရဲ့စစ်ရံှုးခါနီးခံစားချက် အိမ်လွမ်းတဲ့ခံစားချက်တွေကိုဖော်ညွှန်းထားတဲ့ ဂရုဏာရသကိုအဓိက ဦးစားပေးရိုက်ကူးထားတဲ့ဇာတ်လမ်းတခုပဲ ဖြစ်ပါတယ်။စစ်သည်လို့ဆိုတဲ့နေရာမှာ သူတို့ကိုဦးစီးတဲ့ဗိုလ်ချုပ်အပါအဝင်ပေါ့….သူတို့ခံစစ်ဆင်မယ့် ကျွန်းပေါ်က ကလေးတယောက်ကစားနေတာကိုမြင်ပြီး အိမ်က ကလေးကိုသတိရသွားတ…
❤2
19 Oct 2024, 03:05 UTC736 viewsread 24 August 2026 A Ta-il of Lo-ve (2022)
IMDB - 6.7/10
Genre - Romance, Drama
ဘယ်လာ နဲ့ သူ့ရဲ့အဖွား လီလီ တိုဟာ ခွေးလေးတွေအတွက် တိရစ္ဆာန်ဂေဟာလေးတစ်ခုဖွင့်ထားပါတယ်။ သူတိုဟာခွေးလေးတွေကို စစ်ဘက်ဆိုင်ရာကနေနဲ့ ရဲဘက်ဆိုင်ရာကနေ အနာယူလာတဲ့ ခွေးလေးတွေ အပါအဝင် ခွေးလေးတွေ ကို အများအပြား လက်ခံထားပါတယ် ။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှတော့ သူတိုရဲ့ အဓိက စပွန်ဆာပေးနေတဲ့ Stockard’s Pet Foods ဆိုတဲ့ ကုမ္ပဏီ က ရုတ်တရက်ကြီး စပွန်ဆာ မပေးတော့ပါဘူးဆိုပြီ…
18 Oct 2024, 01:50 UTC622 viewsread 24 August 2026 The Se-ed of the Sac-red Fig (2024)
IMDB - 7.7/10
Genre - Crime, Drama
ဘာသာရေးကိုင်းရှိုင်းပြီးရိုးသားတဲ့ရှေ့နေတစ်ယောက်ဖြစ်တဲ့ အီမန်ဟာ ဇနီးဖြစ်သူ နက်ဂျ်မား၊ သမီးနှစ်ဦးတို့နဲ့အတူနေထိုင်ပါတယ်။ လတ်တလောမှာတော့ အီမန်ကို တီဟရန်ကအထူးတရားရုံးမှာ စုံစမ်းစစ်ဆေးရေးတရားသူကြီးအဖြစ်ရာထူးတိုးမြှင့်ခံထားရတဲ့အတွက် လစာပိုကောင်းလာမှာဖြစ်သလို သူတို့မိသားစုအတွက် တိုက်ခန်းကျယ်တစ်ခုလည်းရမှာဖြစ်တဲ့အတွက် တစ်မိသားစုလုံးဝမ်းသာပျော်ရွှင်နေကြတ…
11 Oct 2024, 05:46 UTC673 views1 reactionsread 24 August 2026 Ram-aiya Vasta-vaiya (2013)
အေးချမ်းလှတဲ့ ရွာလေးမှာ ရာဂူးဗိနဲ့ ဆိုနာဆိုတဲ့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ ရိုးရိုးသားသား နဲ့ လယ်ယာမြေမှာ လယ်သမား တောသူတောင်သားဘဝနဲ့ ဘဝကို မောင်နှမနှစ်ယောက် အေးချမ်းစွာ ဖြတ်သန်း နေထိုင်လာရင်းနဲ့ပေါ့...တစ်နေ့ ညီမလုပ်သူရဲ့ သူငယ်ချင်း မင်္ဂလာဆောင်မှာ ညီမလုပ်သူကို မရမက မင်္ဂလာပွဲတက်ဖို့ ဖိတ်တာကြောင့် အကိုလုပ်သူမှာ ညီမငယ်ကို စိတ်မချလက်မချ ထည့်လိုက်ရတာပေါ့...အဲဒီတ…
😍1
7 Oct 2024, 05:28 UTC646 viewsread 24 August 2026 Bef-ore Sun-rise (1995)
IMDB - 8.5/10
Genre - Romance, Drama
Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို့နှစ်ဦးရဲ့ အငြင်းအခုန်ပွဲဟာ ရထားတွဲ အတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို့လည်း…
Showing the 12 most recent of 20 posts we hold for @clzreviews. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.