10 Sept 2026, 03:29 UTC101 views5 reactionsread 25 September 2026 Photo
10. ပွဲတော်တွေကို လေးစားပါ
∆ စင်ကာပူမှာ တရုတ်နှစ်သစ်ကူး၊ Hari Raya၊ Deepavali၊ Vesak Day နဲ့ ခရစ္စမတ် ပွဲတော်တွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်
∆ ပွဲတော်တိုင်းရဲ့ ဓလေ့မှာ ပါဝင်စရာ မလိုပေမဲ့ လေးစားမှုနဲ့ စိတ်ဝင်စားမှု ပြသပေးတာက ဒေသခံတွေနဲ့ ပိုမို ရင်းနှီးသွားစေပါတယ်နော်
❤4👍1
10 Sept 2026, 03:29 UTC79 views3 reactionsread 25 September 2026 Photo
9. အေးအေးဆေးဆေး ဆက်ဆံပြောဆိုပါ
∆ စင်ကာပူလူမျိုးတွေက ယေဘုယျအားဖြင့် ထိန်းထိန်းသိမ်းသိမ်းနဲ့ ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်ကြပါတယ်
∆ အများပြည်သူရှေ့မှာ စကားကို အသံကျယ်ကျယ် ပြောတာ သိုမဟုတ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတာမျိုး ရှောင်ပါ
∆ တစ်ဖက်လူရဲ့ အမူအရာ လက္ခဏာတွေကို သတိထားကြည့်ပြီး သူတို ပြန်ပြောဖို အချိန်ပေးပါ
❤2👍1
10 Sept 2026, 03:29 UTC70 views3 reactionsread 25 September 2026 Photo
8. စားသောက်ဆိုင်ရာ အလေ့အထများ
∆ ယဉ်ကျေးမှုအလိုက် စားသောက်ပုံခြင်း မတူကြပါဘူး
∆ ဟင်းဝိုင်းမှာ ဟင်းခတ်ရင် ကိုယ့်ဇွန်း မဟုတ်ဘဲ အလယ်ဇွန်း (Serving utensils) ကို သုံးပေးပါ
∆ လက်နဲ့စားမယ်ဆိုရင် (အထူးသဖြင့် မလေး သိုမဟုတ် မွတ်စလင် ဓလေ့မှာ) ညာဘက်လက်ကိုပဲ သုံးပါ
∆ တစ်ဖက်လူရဲ့ အစားအသောက် စည်းကမ်းတွေ (ဥပမာ - ဟာလာလ်၊ သက်သတ်လွတ်) ကို အလေးထားပေးပါ
❤2👍1
10 Sept 2026, 03:29 UTC65 views3 reactionsread 25 September 2026 Photo
7. ဘာသာရေးနဲ့ ယဉ်ကျေးမှု ကွဲပြားမှုတွေကို ဂရုစိုက်ပါ
∆ ယဉ်ကျေးမှုပေါင်းစုံ ရှိတာကြောင့် အခြားသူတွေရဲ့ လူမျိုး၊ ဘာသာ သိုမဟုတ် ယဉ်ကျေးမှုကို ပုံသေကားချပ် ပေးပြောဆိုတာမျိုး၊ နောက်ပြောင်တာမျိုး ရှောင်ပါ
∆ ဘာသာရေးနဲ့ နိုင်ငံရေးလိုမျိုး ထိလွယ်ရှလွယ် ခေါင်းစဉ်တွေကို စကားပြောရင် သတိထားပါ
∆ အခြားယဉ်ကျေးမှုတွေကို စိတ်ပါဝင်စားစွာ လေ့လာတာဟာ သူငယ်ချင်းကောင်းတွေ ရဖို အကောင်းဆုံး နည်းလမ်းပါပဲ
❤2👍1
10 Sept 2026, 03:29 UTC34 views3 reactionsread 25 September 2026 Photo
5. ပြည်သူ့စည်းကမ်းတွေကို စနစ်တကျ လိုက်နာပါ
∆ စင်ကာပူက စည်းကမ်းအရမ်းကြီးမှန်း အားလုံးသိကြမှာပါ
∆ အမှိက်ပစ်တာ၊ တံတွေးထွေးတာနဲ့ အများပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာမျိုး လုံးဝမလုပ်ရပါဘူး
∆ အများသုံး သယ်ယူပိုဆောင်ရေး (Bus, MRT) နဲ့ ဘုံနေရာတွေရဲ့ စည်းကမ်းတွေကို သေချာလိုက်နာပါ
∆ ကားနဲ့ ရထားပေါ်မှာ အစားအသောက် သောက်တာ၊ စားတာ လုံးဝ မလုပ်ရပါဘူးနော်
❤2👍1
10 Sept 2026, 03:29 UTC30 views3 reactionsread 25 September 2026 Photo
4. ဘာသာရေးနေရာတွေမှာ သင့်တော်သလို ဝတ်ဆင်ပါ
∆ စင်ကာပူမှာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူနဲ့ တာအို အစရှိတဲ့ ဘာသာပေါင်းစုံ ရှိကြပါတယ်
∆ ဘုန်းကြီးကျောင်း၊ ဗလီ၊ ခရစ်ယာန်ကျောင်း ဒါမှမဟုတ် ဘုရားကျောင်းတွေကို သွားရင် လုံလုံခြုံခြုံ ဝတ်ဆင်ပါ
∆ ဖိနပ်ချွတ်ရမယ်ဆိုရင် ချွတ်ပေးတာမျိုး ဘာသာရေးကျောင်းအလိုက် စည်းကမ်းတွေကို လိုက်နာပေးပါ
❤2👍1
10 Sept 2026, 03:29 UTC31 views3 reactionsread 25 September 2026 Photo
3. ကိုယ်ပိုင်ဧရိယာ (Personal Space) ကို လေးစားပါ
∆ မသိသေးတဲ့သူတွေနဲ့ ဆိုရင် ခန္ဓာကိုယ် အရမ်းထိစပ်တာမျိုး ရှောင်ပါ
∆ စကားပြောရင် သင့်တော်တဲ့ အကွာအဝေးမှာ နေပေးပါ
∆ သူများရဲ့ ဦးခေါင်းကို သွားကိုင်တာမျိုး မလုပ်ပါနဲ့၊ ဒါက မလေးစားရာ ရောက်ပါတယ်
❤2👍1
10 Sept 2026, 03:29 UTC37 views3 reactionsread 25 September 2026 Photo
2. အချိန်တိကျပါ
∆ အချိန်မှန်တာဟာ တစ်ဖက်လူကို လေးစားမှုပြတာပါပဲ
∆ အတန်း၊ အစည်းအဝေး ဒါမှမဟုတ် ပွဲတစ်ခုခုကို နောက်ကျတော့မယ်ဆိုရင် ကြိုပြီး သတင်းပိုထားတာ ပိုကောင်းပါတယ်
❤2👍1
10 Sept 2026, 03:29 UTC33 views3 reactionsread 25 September 2026 Photo
1. ယဉ်ကျေးပျူငှာပြီး လေးစားမှုရှိပါ
∆ စကားပြောတဲ့အခါ အေးအေးဆေးဆေး ပြောပါ၊ သူများစကားပြောနေရင် ကြားဖြတ်မပြောမိပါစေနဲ့
∆ ဆရာ/မတွေ၊ လူကြီးသူမတွေနဲ့ အတန်းဖော်တွေကို လေးလေးစားစား ဆက်ဆံပေးပါ
∆ တရားဝင် ပွဲလမ်းသဘောမျိုးတွေမှာဆို လက်ဆွဲနှုတ်ဆက်တာက ပုံမှန် နှုတ်ဆက်နည်းပါပဲ
∆ ဆရာတွေ သိုမဟုတ် အသက်ကြီးသူတွေကို ခေါ်ရင် သင့်တော်တဲ့ ဘွဲအမည်/အသုံးအနှုန်းလေးတွေ သုံးပေးပါ
❤2👍1
10 Sept 2026, 03:29 UTC48 views3 reactionsread 25 September 2026 စင်ကာပူမှာ ကျောင်းတက်တော့မယ်ဆို ကျောင်းသားတိုင်း သိထားသင့်တဲ့ ယဉ်ကျေးမှုနဲ့ လိုက်နာရန် စည်းကမ်းများ 🇸🇬✨
စင်းကာပူနိုင်ငံဟာ အာရှမှာ မတူကွဲပြားမှု အစုံလင်ဆုံးနဲ့ အခေတ်မီဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လို နိုင်ငံတကာ ကျောင်းသားတွေကြားမှာ အရမ်းရေပန်းစားတယ်နော် တရုတ်၊ မလေး၊ အိန္ဒိယနဲ့ အနောက်တိုင်း ယဉ်ကျေးမှုတွေ ပေါင်းစပ်ထားတဲ့ သာယာတဲ့ လူ့အဖွဲအစည်းလေးပါ
စင်ကာပူကို ကျောင်းသွားတက်တဲ့အခါ ဒေသခံတွေရဲ့ လှေနံဓါးထစ် မဟုတ်တဲ့ ဓလေ့ထုံးတ…
❤2👍1
10 Sept 2026, 03:29 UTC42 views3 reactionsread 25 September 2026 Photo
6. တန်းစီပါ၊ အများသုံးနေရာတွေကို သန့်သန့်ရှင်းရှင်းထားပါ
∆ စင်ကာပူမှာ တန်းစီတာဟာ နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ ဓလေ့တစ်ခုပါ
∆ အရှေ့ကနေ တိုးမဝင်ဘဲ မိမိအလှည့်ကို စိတ်ရှည်ရှည် စောင့်ပါ
∆ အများသုံးနေရာတွေမှာ စားသောက်ပြီးရင် သိုမဟုတ် အချိန်ဖြုန်းပြီးရင် ကိုယ့်နေရာကို ကိုယ်တိုင် သန့်ရှင်းရေး လုပ်ပေးခဲ့ပါ
❤2👍1
6 Sept 2026, 12:29 UTC49 views3 reactionsread 25 September 2026 Photo
Optimize Your Headline 🔎
Recruiter တစ်ယောက်က Aspirers လေးတို့ နာမည်နောက်မှာ အရင်ဆုံးမြင်ရတာက Headline ပါနော်… ဒါကြောင့်
❌ Student at ABC University
❌ Business Student
လောက်နဲ့ ရပ်မထားပဲ… ကိုယ်ဘာလုပ်နိုင်လဲ၊ ဘယ် skills တွေရှိလဲဆိုတာကို headline ထဲမှာ ထည့်ရေးပါ 👀
Simple Formula:
Role / Major | Key Skills | What You Do or Value You Bring
ဥပမာ- Marketing Student | Digital Marketing & Content Creation | Creating Enga…
❤3
Showing the 12 most recent of 20 posts we hold for @aspirenow_org. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.