6 Sept 2026, 14:09 UTC193 views18 reactionsread 25 September 2026 Photo
ကင်ဆာဝေဒနာရှင်တွေ ဆေးသွင်းကုသမှု ခံယူပြီးတဲ့အခါ ပြန်ထွက်လာတဲ့ ဆံပင်တွေက ယခင်ကနှင့် မတူဘဲ အရောင် သို့မဟုတ် ဆံပင်အမျိုးအစား ပြောင်းလဲသွားတတ်ပါတယ်။ မူလက ဆံပင်ဖြောင့်စင်းနေသူဆိုရင်တောင် ဆံပင်တွေကောက်သွားတာ လှိုင်းတွန့်လိုဖြစ်သွားတာမျိုးတွေ ကြုံရလေ့ရှိပါတယ်။
အဲ့လိုဖြစ်ရတာက ခန္ဓာကိုယ်တွင်းမှာ အလျင်အမြန်ပွါးနေတဲ့ ဆဲလ်တွေကို ဓာတုကုထုံးဆေးတွေက ပစ်မှတ်ထား ဖျက်ဆီးတဲ့အတွက် ဆံပင်မွေးညင်းပေါက်တွေနဲ့ အရောင်ထုတ်ပေးတဲ့ ဆဲလ်တွေအပေါ်မှ…
✍5❤5🤔5🆒3
Signed Lucas
3 Sept 2026, 05:18 UTC249 views17 reactionsread 25 September 2026 Photo
ဥစိမ်း
အီးမျူး (Emu) ငှက်ဥတွေဟာ အစိမ်းပုပ်ရောင်ရှိပြီး ပြောင်လက်နေတာကြောင့် အမှတ်တမဲ့ကြည့်လိုက်ရင် ထောပတ်သီးအကင်းကြီးတွေနဲ့ အတော်တူပါတယ်။ ငှက်ဥတစ်လုံးဟာ အလေးချိန် ဂရမ် ၆၀၀ ခန့် ရှိတာကြောင့် ကြက်ဥ ၁၀ လုံးကနေ ၁၂ လုံးစာ မကတဲ့ ပမာဏနဲ့ ညီမျှပါတယ်။
#Bird @MHAATSARR
✍8❤5🫡2🆒2
Signed Lucas
1 Sept 2026, 14:38 UTC284 views17 reactionsread 25 September 2026 Forwarded from @thelapyae_official
ကမ္ဘာကြီးမှာ မရောက်ဖူးသေးတဲ့
နေရာတွေအများကြီးရှိနေတာတောင်
ဖုန်းမျက်နှာပြင်လေးသေးသေးလေးကနေပဲ
အဲ့နေရာတွေကိုကြည့်နေရတာက
တကယ်တော့ စိတ်ဓာတ်ကျဖို့ကောင်းတယ်
- ဖုန်းမပါပဲထမင်းစားကြည့်
- ဖုန်းမပါပဲ အိမ်သာသွားကြည့်
- ဖုန်းမပါပဲ coffee ဆိုင်ထိုင်ကြည့်
- ဖုန်းမပါပဲ ကိုယ့် partner နဲ့စကားပြောကြည့်
- ဖုန်းမပါပဲ ရပ်ကွက်ထဲလမ်းလျှောက်ထွက်ကြည့်
ကျနော်တို့သတိမထားမိတာတွေအများကြီးက
ပတ်ဝန်းကျင်မှာပြောင်းလဲနေတာသိလာလိမ့်မယ်
Live in the…
❤11💘2💯2🔥2
Signed Lucas
9 Aug 2026, 16:26 UTC440 views25 reactionsread 25 September 2026 ရေသန့်မှာ သကြား၊ ပရိုတင်း ဒါမှမဟုတ် အော်ဂဲနစ်ဒြပ်ပစ္စည်းတွေ မပါဝင်တာကြောင့် အခြားအစားအသောက်တွေလို အချိန်ကြာလာတာနဲ့အမျှ ပုပ်သွားတာ၊ သိုးသွားတာမျိုး မရှိပါဘူး။ ရေသန့်ဗူးတွေမှာ ရိုက်နှိပ်ထားတဲ့ သက်တမ်းကုန်ဆုံးရက်က ထုတ်ပိုးမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကြောင့် ပါလာတာဖြစ်ပါတယ်။
#Drink @MHAATSARR
❤14✍5🔥2🆒2❤🔥1👍1
Signed Lucas
18 Apr 2026, 07:56 UTC865 views25 reactionsread 25 September 2026 Photo
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မွေးဖွားလာတဲ့ ကလေးငယ် ၅၀၀ ကနေ ၁၀၀၀ ကြားမှာ ခြေပွါးလက်ပွါးပါသူ တစ်ယောက်ရှိတတ်ပါတယ်။ ဒါပေမဲ့ အာဖရိကန်မျိုးနွယ်တွေမှာတော့ ၁၀၀ ကနေ ၃၀၀ ကြားမှာ တစ်ယောက်ပါတတ်ပါတယ်။
ခြေပွါးလက်ပွါးပါတဲ့ ပုံစံသုံးမျိုးရှိပါတယ်။ ပုံမှန်အားဖြင့် ခြေသန်းလက်သန်းဘေးနားမှာ ပွါးတတ်ပြီး ခြေမလက်မဘေးမှာလည်း ပွါးတတ်ပါတယ်။ ရှားရှားပါးပါး ခြေချောင်းလက်ချောင်းကြားထဲမှာလည်း ပွါးတတ်ပါသေးတယ်။
မျိုးရိုးဗီဇအရ မိဘတွေမှာ ခြေပွါးလက်ပွါ…
❤13✍5💅4🔥2⚡1
Signed Lucas
16 Apr 2026, 12:32 UTC742 views24 reactionsread 25 September 2026 အဆင်မပြေမှုတွေကြားကသာ ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဘဝဟာ ဒီထက်မက ပြောင်းလဲသွားမှာပါ။ ဒါပေမဲ့ လူအများစုကတော့ ဒီအမှန်တရားကို မျက်ကွယ်ပြုထားလေ့ ရှိပါတယ်။
#Life_lessons @MHAATSARR
💯13❤🔥4⚡2🍾2🔥2❤1
Signed Lucas
15 Apr 2026, 12:23 UTC658 views28 reactionsread 25 September 2026 ပြုန်းတီးသွားတဲ့ သစ်တောတွေနေရာ ကုန်းခေါင်ခေါင်မှာ သစ်တောပြန်စိုက်လို့ရသလား။
ရတယ်။ အမြန်ဆုံးသစ်တောပြန်ဖြစ်တဲ့ အပင်က တို့မြန်မာနိုင်ငံရဲ့ ဒေသရင်းသစ်ပင် တမာပဲ။ သူက မြေဆီလွှာပြုန်းတဲ့ မြေညံ့မှာ အလွယ်တကူပေါက်တယ်။ ၆ နှစ်အတွင်းမှာ ပေ ၃၀ အမြင့်ရောက်တယ်။
အကိုး။ ။ကျွန်မချစ်သောနိုင်ငံ-ဂျူး
#Plant @MHAATSARR
❤16✍6👏2🕊2🫡2
Signed Lucas
13 Apr 2026, 05:09 UTC677 views21 reactionsread 25 September 2026 Photo
"ချောကလက်စားရင် ကော်ဖီသောက်သလို လန်းဆန်းနိုင်သလား?"
ချောကလက်မှာ ကဖင်း (Caffeine) ပါဝင်တာ မှန်ပေမဲ့ အဲ့ဒီပမာဏက ချောကလက်ရဲ့ ကိုးကိုး (Cocoa) ပါဝင်မှုအပေါ်မှာ မူတည်ပါတယ်။ ကိုးကိုးမှုန့် ပါဝင်မှုများတဲ့ Dark Chocolate တွေမှာ ကဖင်းဓာတ် ပိုများပြီး ကိုးကိုးထောပတ်နဲ့ပဲ လုပ်ထားတဲ့ White Chocolate မှာတော့ ကဖင်းလုံးဝ မပါဝင်ပါဘူး။
ထူးခြားတာက ချောကလက်စားလို့ စိတ်ကြည်လင်လန်းဆန်းတာဟာ ကဖင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ သူ့မှာ ကဖင်း…
✍8❤6❤🔥3🤗2🆒2
Signed Lucas
12 Apr 2026, 13:17 UTC536 views17 reactionsread 25 September 2026 Fatty Liver (အသည်းအဆီဖုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ
အသည်းအဆီဖုံးခြင်းဖြစ်ရသည့် အများဆုံးအကြောင်းရင်းမှာ အရက်သောက်ခြင်းကြောင့်ဟု ယုံကြည်ထားကြသည်။ ဖြစ်ရပ်အများအပြားတွင် အရက်မသောက်သူများ၌ အသည်းအဆီဖုံးခြင်း၏အကြောင်းရင်းကို ဆရာဝန်များ မသိရပါ။ အသည်းအဆီဖုံးခြင်းမှာ ခန္ဓါကိုယ်မှအဆီထုတ်လုပ်မှု များနေလျှင်သော်လည်းကောင်း အဆီများကို လုံလုံလောက်လောက် မချေဖျက်နိုင်လျှင်သော်လည်းကောင်း ဖြစ်လာတတ်၏။
ပိုလျှံနေသော အဆီများကို အသည်းဆဲလ်မျ…
✍7❤3🔥3💊2🆒2
Signed Lucas
7 Apr 2026, 08:52 UTC609 views23 reactionsread 25 September 2026 Photo
ကလေးလို အသားအရေမျိုး ၃ ရက်နဲ့ ရနိုင်သလား?
ဈေးကွက်ထဲမှာ "၃ ရက်အတွင်း ကလေးလေးလို နူးညံ့သွားမယ်" ဆိုတဲ့ ကြော်ငြာတွေက တကယ်တော့လုံးဝမဖြစ်နိုင်တဲ့ "ရိုက်စား" တွေပါ။
ကျွန်တော်တို့ရဲ့ အရေပြားဟာ ဆဲလ်အသစ်တွေ အောက်ခြေကနေ အပေါ်ယံကို ရောက်လာဖို့ အချိန်ယူရပါတယ်။ ဒီဖြစ်စဉ်ကို Cell Turnover လို့ ခေါ်ပါတယ်။ ယေဘုယျအားဖြင့် ကလေးငယ်တွေမှာ ရက်သတ္တပတ်နှစ်ပတ်ကြာတတ်ပြီး ဆယ်ကျော်သက်နဲ့ လူငယ်တွေမှာတော့ ၂၁ ရက်ကနေ ၂၈ ရက်အထိ ကြာတတ်ပါတယ်။ အသက် ၃၀…
🆒9✍5💘4💯2🫡2❤1
Signed Lucas
3 Apr 2026, 12:58 UTC581 views26 reactionsread 25 September 2026 မပေးဘဲ မလိုလင့်၊ မမေးဘဲ မဆိုလင့်။
သူတစ်ပါးမပေးဘဲ တောင်းရမ်းခြင်း မပြုပါနှင့်၊ သူတစ်ပါးမမေးဘဲလျက် တင်ကြို ပြောဆိုရှင်းပြခြင်း မပြုပါနှင့်။
အကိုး။ ။မြန်မာဆိုရိုးစကား
#Adage @MHAATSARR
✍12❤5🤝3💯2🔥2🫡2
Signed Lucas
31 Mar 2026, 13:51 UTC628 views22 reactionsread 25 September 2026 Photo
ခွေးတွေရဲ့ မျက်လုံးထဲမှာ Cryptochrome 1 လို့ခေါ်တဲ့ မော်လီကျူးတစ်မျိုး ရှိနေတာကြောင့် သူတို့ဟာ ရွှေ့ပြောင်းငှက်တွေလိုပဲ ကမ္ဘာ့သံလိုက်စက်ကွင်းတွေကို အာရုံခံနိုင်စွမ်း ရှိကြပါတယ်။ ဒီလို ကိုယ်တွင်းသံလိုက်အိမ်မြှောင်ပါရှိနေတာဟာ သူတို့အတွက် မရင်းနှီးတဲ့ နယ်မြေတွေမှာ လမ်းကြောင်းမှန်ကို ရှာဖွေနိုင်ဖို့ အထောက်အကူပြုပါတယ်။ ခွေးတွေဟာ အလွန်ဝေးကွာတဲ့နေရာကနေ အိမ်ကိုပြန်ရှာတဲ့အခါမှာတော့ သူတို့ရဲ့ အလွန်ထက်မြက်တဲ့ အနံ့ခံအာရုံနဲ့ သံလ…
❤14✍3🤗2🥰2❤🔥1
Signed Lucas
Showing the 12 most recent of 20 posts we hold for @MHAATSARR. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.